ဟာသသရုပ်ဆောင် သေဆုံးမှု ဖမ်းဆီးထားသူတွေကို ရမန်ယူ

ဟာသ သရုပ်ဆောင် အောင်ရဲထွေး (ခ) ရဲထွေးအောင် သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးရမိထားသူ ၃ ယောက်ကို ဒီကနေ့ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ရမန်ရယူခဲ့ပြီး နောက် ထပ်ရုံးချိန်းကိုတော့ ဇန်နဝါရီလ ၁၈ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။

ကိုအောင်ရဲထွေးကို ဝိုင်းဝန်းထိုးကြိတ်ခဲ့တဲ့သူတွေကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က ရုံးထုတ်ခဲ့စဉ် Photo: Thant Zin Oo/RFA

ဟာသ သရုပ်ဆောင် အောင်ရဲထွေး (ခ) ရဲထွေးအောင် သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးရမိထားသူ ၃ ယောက်ကို ဒီကနေ့ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ရမန်ရယူခဲ့ပြီး နောက်ထပ်ရုံးချိန်းကိုတော့ ဇန်နဝါရီ လ ၁၈ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။

အောင်ရဲထွေးဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နှစ်သစ်ကူးညမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ပေါ်ဆန်းမွှေးလမ်းမှာရှိတဲ့ The one Entertainment က ပါတီပွဲကို တက်ရောက်ရင်း လူတစုက ဝိုင်းဝန်းထိုးကြိတ်တာကိုခံရပြီး သေဆုံး သွားတာ ဖြစ်ပါတယ်။

အောင်ရဲထွေးကို ဝိုင်းဝန်းထိုးကြိတ်ခဲ့တဲ့ သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင်(ခ) အောင်လေး ၊ ကျော်ဇောဟန်(ခ) ကျော်ဇော တို့ ၃ ယောက်ကို နာကျင်စေမှုကနေ ပုဒ်မ ၃၀၂ လူသတ်မှုအဖြစ် ပြောင်းလဲ သတ်မှတ်ပြီး စစ်ဆေးနေတာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူ တစ်ယောက်ကတော့ အရင်က ရန်ဖြစ်ဖူးတဲ့အတွက် အခုလို ဝိုင်းဝန်းထိုးကြိတ်ခဲ့ တာဖြစ်ကြောင်း ထွက်ဆိုထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယယ်။

အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး လက်ရှိဖမ်းဆီးရမိထားတဲ့ ၃ အပြင် နောက်ထပ်ပါဝင်ပတ်သက်သူတွေ ရှိ မရှိကို သုဝဏ္ဏရဲစခန်းက ဆက်လက်စစ်ဆေးနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org