ကျဆုံးနိုင်ငံဖြစ်လာတဲ့ မြန်မာကို ကယ်တင်ဖို့လိုကြောင်း The Eurasia ဖော်ပြ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကစပြီး မြန်မာနိုင်ငံဟာ အကြမ်းဖက်မှု၊ မတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တို့အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဥ်။ X/Anwar Ibrahim

၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမဲ့ မလေးရှားနိုင်ငံအနေနဲ့ အဓိက ဦးစားဆောင်ရွက်ရမဲ့အထဲမှာ ကျဆုံးနိုင်ငံဖြစ်လာတဲ့ မြန်မာနိုင်ငံကို ကယ်တင်ရမဲ့ကိစ္စလည်း ပါဝင်နေကြောင်း အမေရိကန်အခြေစိုက် The Eurasia က ဇန်နဝါရီ ၇ ရက် ဒီနေ့ဖော်ပြတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ရေးသားထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကစပြီး မြန်မာနိုင်ငံဟာ အကြမ်းဖက်မှု၊ မတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

အခုနှစ်အတွင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဦးစားပေး ဆောင်ရွက်ခဲ့တဲ့ ရလဒ်အနေနဲ့ကတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ဟာ မလေးရှားဝန်ကြီးချုပ်ရဲ့ အလွတ်တန်းအကြံပေး ဖြစ်လာခဲ့တာလို့ ဖော်ပြပါတယ်။

သက်ဆင်ဟာ ထိုင်းနိုင်ငံမှာ အရှိန်အဝါကြီးပြီး အမေရိကန်နိုင်ငံက လက်ခံသလို တရုတ်နိုင်ငံနဲ့လည်း နီးကပ်တဲ့ ဆက်ဆံရေးရှိသူ ဖြစ်တယ်လို့ ဆိုပါတယ်။

မျှော်မှန်းထားတဲ့အတိုင်း ထိုင်းနိုင်ငံကလည်း မြန်မာအရေးနဲ့ပတ်သက်တဲ့ အာဆီယံ အစည်းအဝေးနှစ်ခုကို ပြီးခဲ့တဲ့ ဒီဇင်ဘာထဲမှာ မြန်မြန်ဆန်ဆန် လုပ်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

နောက်ထပ်လည်း သက်ဆိုင်သူတွေ ပါဝင်တဲ့ အစည်းအဝေးတွေ ထပ်လုပ်ဖို့လိုအပ်ပြီး တရုတ်နိုင်ငံလည်း ပါဝင်သင့်တယ်လို့ ဆိုပါတယ်။

အာဆီယံရဲ့ အရေးပါမှုကို အာဆီယံကိုယ်တိုင်က ချိန်ဆပြီး လက်တွေ့ကျတဲ့ အပြောင်းအလဲအတွက် ပြင်ဆင်ဖို့ လိုအပ်တယ်လို့လည်း The Eurasia က ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org