ဟားခါးမှာ စစ်တပ်နဲ့ ချင်းပြည့်ကာကွယ်ရေးတပ်တွေ ပစ်ခတ်၊ စစ်သားတစ်ဦး သေဆုံး

ချင်းပြည်နယ်မြို့တော် ဟားခါးမှာ မေလ ၄ ရက် မနေ့ညပိုင်းက စစ်ကောင်စီတပ် တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဟားခါးမြို့က အင်းဝဘဏ်ရှေ့ မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြင်တွေ့ရစဉ် Photo: Hakha CJ

ချင်းပြည်နယ်မြို့တော် ဟားခါးမှာ မေလ ၄ ရက် မနေ့ညပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေကြား ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က စစ်သားတစ်ယောက် သေဆုံးသွားတယ်လို့ ချင်းပြည်သူ့ကာကွယ်ရေး တပ် CDF က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဘက်က ပြောဆိုချက်ကို မသိရသေးပါဘူး။

ပစ်ခတ်မှုစဖြစ်တဲ့ ဟားခါးမြို့ အင်းဝဘဏ်နားမှာ နေထိုင်တဲ့ မောင်နှံ နှစ်ဦးကို စစ်တပ်ဘက်က ဖမ်းဆီး သွားတယ်လို့ မျက်မြင်ဒေသခံတွေကပြောပါတယ်။

"အခုမှ လက်ထပ်ပြီးကာစ ဇနီးမောင်နှံကို ပစ်ခတ်မှုနဲ့ပတ်သက်ပြီး မေးစရာ ရှိတယ်ဆိုပြီး စစ်တပ်က ခေါ်သွားတယ်" လို့ ဖမ်းခံရသူတွေနဲ့ ဆွေမျိုးနီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

ဟားခါးမြို့မှာ ချင်း ပြည်သူ့ကာကွယ်ရေးတပ် CDF နဲ့ စစ်ကောင်စီ တို့ မေလ ၂ ရက်က စပြီးပစ်ခတ်မှုတွေ ရှိခဲ့ပြီး မနေ့က ဧပြီ ၄ ရက်နေ့ ညအထိ စစ်ကောင်စီဘက်က သေဆုံးသူ ၉ ဦးအထိရှိခဲ့ပြီး၊ CDF ဘက်က အထိအခိုက်မရှိဘူးလို့ CDF က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org