ဒက္ခိဏသီရိလွှတ်တော်အမတ် ဦးသန့်ဇင်ထွန်း အဖမ်းခံရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းကို ဒီကနေ့ မတ်လ ၂ ရက် မနက်ပိုင်းမှာ ရဲနဲ့ စစ်တပ်ပေါင်းပြီး လာရောက် ဖမ်းဆီးသွားတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။
- 2021-03-01
-

ဦးသန့်ဇင်ထွန်းဟာ လယ်ဝေးမြို့နယ် သာ၀တ္ထိမြို့မှာ နေထိုင်သူ ဖြစ်ပါတယ်။
ဒီကနေ့ မနက် ၈ နာရီကျော်လောက်က သာ၀တ္ထိမြို့ သူ့ရဲ့နေအိမ်အနီးရှိ လက်ဖက်ရည်ဆိုင်တစ်ခုမှာ ဦးသန့်ဇင်ထွန်း မနက်စာစားနေစဥ် အရပ်၀တ်စစ်ထောက်လှန်းရေး၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ စစ်သားအချို့ ပူးပေါင်းပြီး အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးသွားတာလို့ ဇနီးဖြစ်သူနဲ့ မျက်မြင်တွေ့ရှိသူ တွေက ပြောပါတယ်။
ဦးသန့်ဇင်ထွန်း က သူ့လက်ကိုင်ဖုန်းကို အသိမ်းမခံလိုတာကြောင့် အနီးက လူအုပ်ထံပစ်ပေးပေမယ့် ဦးသန့်ဇင်ထွန်းရဲ့ လက်ကိုင်ဖုန်းကိုပါ သိမ်းဆည်းသွားတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။
ဦးသန့်ဇင်ထွန်းဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲနှစ်ခုစလုံးမှာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
မနေ့ကလည်း နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦကျော်မင်းလှိုင်ကိုလည်း ရဲ၊ စစ်ထောက်လှန်းရေးနဲ့ လက်နက်ကိုင် စစ်သားအချို့ ပူးပေါင်းပြီး လာရောက် ဖမ်းဆီးသွားပါတယ်။
သူတို့နှစ်ဦးစလုံးကို ဘယ်မှာချုပ်နှောင်ထားတယ်ဆိုတာ မိသားစုက အခုချိန်ထိ မသိရသေးပါဘူး။