မန္တလေး၊ မြရည်နန္ဒာအိမ်ယာနေထိုင်သူ ခြောက်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်က မြရည်နန္ဒာအိမ်ယာကို ဧပြီလ ၂၃ ရက် ဒီကနေ့ နေ့လယ်ပိုင်း အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေ ရောက်လာပြီး အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၆ ယောက် ဖမ်းဆီးသွားပါတယ်။
- 2021-04-23
-
-
-
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်က မြရည်နန္ဒာအိမ်ယာကို ဧပြီလ ၂၃ ရက် ဒီကနေ့ နေ့လယ်ပိုင်း အာဏာသိမ်း စစ်ကောင်စီရဲ့တပ်တွေ ရောက်လာပြီး အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၆ ယောက် ဖမ်းဆီးသွားပါတယ်။
အခန်းနံပါတ် အတိအကျနဲ့ လူ လေးယောက်ကို ဝင်ဖမ်းတာဖြစ်ပြီး အခြားအခန်းက ဓာတ်ပုံရိုက်နေတဲ့ အမျိုးသမီးငယ်နဲ့ မဖမ်းဖို့ တောင်းပန်တဲ့ သူ့အမေကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြရည်နန္ဒာတိုက်ခန်း မှာ နေထိုင်သူတစ်ယောက်က RFA ကို ပြောပါတယ်။
ဘာကြောင့်ဖမ်းတာလဲဆိုတော တိတိကျကျ မသိရသေးပါဘူး။
ဧပြီလ ၂၂ ရက်နေ့ မနေ့ကလည်း မြရည်နန္ဒာအိမ်ယာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေပြီး လူငယ် ကျောင်းသား လေးယောက်ကို ဖမ်းသွားပါသေးတယ်။
မန္တလေးမြို့မှာတော့ စစ်ကောင်စီတပ်တွေဟာ လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးတာတွေ ပြုလုပ်ပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကတော့ ပြောက်ကျားစနစ်နဲ့ ဆက်လက် ဆန္ဒပြ နေကြပါတယ်။