မိုးကုတ်မြို့မှာ သံဃာတော်တစ်ပါးကို ရိုက်နှက်ဖမ်းဆီး

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ရေပူကျောင်းတိုက်က ဆရာတော် ဦးရေဝတ (ယခင်က ဗကသ ဥက္ကဋ္ဌဟောင်း ကိုရဲရင့်ပိုင်မှူး) ကို ဧပြီ ၂၁ ရက်၊ ဒီနေ့ ညနေ ၄ နာရီလောက် က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျောင်းတိုက်အတွင်းမှာ ရိုက်နှက်ဖမ်းဆီးသွား တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့က အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ သံဃာတော်တွေ ၂၀၂၁၊ မတ်လအတွင်းက မြင်တွေ့ရစဉ် Photo: Citizen Journalist

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ရေပူကျောင်းတိုက်က ဆရာတော် ဦးရေဝတ (ယခင်က ဗကသ ဥက္ကဋ္ဌဟောင်း ကိုရဲရင့်ပိုင်မှူး) ကို ဧပြီ ၂၁ ရက်၊ ဒီနေ့ ညနေ ၄ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျောင်းတိုက် အတွင်းမှာ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

"ဦးဇင်းက နာမည်ကြီးတော့ ဒလန်က ကျောင်းကို လိုက်ပြတာ။ ဒါက ရဲရင့်ပိုင်မှူး လို့ပြောပြီး ရိုက်နှက် ဖမ်းသွားတယ်။ ဘယ်ကိုခေါ်သွားတယ်ဆိုတာတော့ မသိရသေးဘူး"လို့ မျက်မြင်တွေ့ခဲ့တဲ့ ဆရာတော် တစ်ပါးက RFA ကို ပြောပါတယ်။

ဆရာတော် ဦးရေဝတ ဟာ သာသနာ့ဘောင်မှာ ဝင်ရောက်နေတာ နှစ်ကာလကြာမြင့်ပြီ ဖြစ်ပါတယ်။

ရေပူကျောင်းတိုက်က ဆရာတော်ကြီးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၅၀၅ (က) နဲ့ တရားစွဲဆိုခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org