နေပြည်တော် NLD ဥက္ကဋ္ဌ ဦးမင်းသူ အဖမ်းခံထားရ

နေပြည်တော်နယ်မြေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဦးမင်းသူဟာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက်အစောပိုင်း နှစ်နာရီခန့်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင် တစ်ဦးက အတည်ပြုပါတယ်။

နေပြည်တော်နယ်မြေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဦးမင်းသူ ကို တွေ့ရစဉ် Photo: Ko Min Thu - facebook

နေပြည်တော်နယ်မြေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဦးမင်းသူဟာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက်အစောပိုင်း နှစ်နာရီခန့်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင် တစ်ဦးက အတည်ပြုပါတယ်။

ဦးမင်းသူကို ဘယ်သူတွေက ဘယ်နေရာကို ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

NLD ပါတီ ပါတီဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးကလည်း ဦးမင်းသူ ရှောင်တိမ်းနေတဲ့နေရာကို သိရှိသွားပြီး လာရောက်ဖမ်းဆီးသွားတာလို့ သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီနေ့ ရေးသားထားပါတယ်။

ဦးမင်းသူဟာ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ၂ အဖြစ် NLD ဦးဆောင်တဲ့ အရပ်သား အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org