ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း ဦးညီပု ယာဥ်မောင်းဖမ်းဆီးခံရ

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း ဦးညီပုရဲ့ယာဥ်မောင်း ဖြစ်သူ ဦးထွန်းလှိုင်ကို မနေ့ညက အရပ်၀တ်နဲ့ လူနှစ်ယောက်က ဖမ်းဆီးသွားတယ်လို့ မိသားစု၀င်က ​RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း ဦးညီပုရဲ့ ယာဥ်မောင်း ဖြစ်သူ ဦးထွန်းလှိုင်ကို တွေ့ရစဉ် .

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း ဦးညီပုရဲ့ယာဥ်မောင်း ဖြစ်သူ ဦးထွန်းလှိုင်ကို မနေ့ညက အရပ်၀တ်နဲ့ လူနှစ်ယောက်က ဖမ်းဆီးသွားတယ်လို့ မိသားစု၀င်က ​RFA ကို ပြောပါတယ်။

စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးကနေ စစ်ဆေးစရာရှိတယ် ဆိုပြီး ရဲကားနဲ့ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့လည်း အမည်မဖော်လိုတဲ့ မိသားစု၀င်က ပြောပါတယ်။

အခုလက်ရှိ ဦးထွန်းလှိုင်ကို စစ်တွေတပ်နယ် ဒကစ မှာ ထိန်းသိမ်းထားပြီး ဘာကြောင့်ဖမ်းဆီးသွားတယ် ဆိုတာကိုတော့ မသိရဘူးလို့လည်း ဆိုပါတယ်။

ဦးထွန်းလှိုင်ကို ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ဦးညီပု အမှုနဲ့ပတ်သက်လို့ စစ်ဆေးစရာရှိတယ်ဆိုပြီး ရဲတွေက အိမ်ကိုလာရောက်ရှာဖွေခဲ့တယ်လို့လည်း ဆိုပါတယ်။

ဦးထွန်းလှိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် ရွေးကောက်ပွဲမှာ စစ်တွေမြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ ၀င်ရောက်ယှဥ်ပြိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဦးညီပုကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညက တပ်မတော်သားတွေနဲ့ ရဲတွေက လာရောက် ဖမ်းဆီသွားတာဖြစ်ပြီး စစ်တွေမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုပြုလုပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ) နဲ့ အမှုဖွင့်ခံထားရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org