ကလေးမြို့မှာ CDM ပါဝင်တဲ့ အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦး ဖမ်းဆီးခံရ
ဧပြီ ၂၂ ရက်၊ မနေ့က စစ်ကိုင်းတိုင်း ကလေးမြို့မှာ CDM ပါဝင်တဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဦးဇာတုလျန် ခေါ် ပါတူး ကို စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
- 2021-04-22
-
-
-
ဧပြီ ၂၂ ရက်၊ မနေ့က စစ်ကိုင်းတိုင်း ကလေးမြို့မှာ CDM ပါဝင်တဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဦးဇာတုလျန် ခေါ် ပါတူး ကို စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
ညောင်ပင်သာရပ်ကွက်နေအိမ်မှာ ရှိနေချိန် ညနေ ငါးနာရီခန့်မှာ စစ်ကား ရှစ်စီးနဲ့ လာရောက်ဖမ်းသွားတယ်လို့ ဆိုပါတယ်။ ပြီးတော့ ရဲနဲ့ စစ်သားတွေက သူသွားလာတဲ့ နေအိမ်တွေကိုလည်း ရှာဖွေတာတွေရှိတယ်လို့ RFA ကို ပြောပါတယ်။
ဦးဇာတုလျန် ခေါ် ပါတူးဟာ CDM လုပ်ထားတဲ့ အုပ်ချုပ်ရေးမှူး ဖြစ်ပြီးတော့ မိသားစုဝင် လေးဦး ရှိပါတယ်။
ဒီနေ့ ကလေးမြို့မှာတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် စစ်ကြောင်းတွေကို စစ်တပ်နဲ့ ရဲတွေက လမ်းကြိုလမ်းကြားထဲထိ ရောက်လာပြီးတော့ ဖမ်းဆီးဖို့လုပ်ဆောင်တာတွေကြောင့် လူစုခွဲလိုက်ရတယ်လို့ သပိတ်ဦးဆောင်သူတွေက ပြောပါတယ်။
ကလေးမြို့မှာ ဆန္ဒပြရာမှာပါဝင်ရင်း ဖမ်းဆီးခံရသူ ၂၅ ဦးထက်မနည်း ရှိတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။