တရားမဝင် မြန်မာ ၃၀ ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းမိ

မြန်မာနိုင်ငံ တနင်္သာရီတိုင်း ကော့သောင်းမြို့ ဘက်ကနေပြီး ထိုင်းနိုင်ငံ ရနောင်း ဘက်ခြမ်းကို လူပွဲစားတွေကတဆင့် တရားမဝင် ဝင်ရောက်လာတဲ့ အသက် ၁၈ နှစ်အောက် လူငယ် ၂ ယောက်အပါအဝင် မြန်မာနိုင်ငံသား အယောက် ၃၀ ကို ထိုင်းနယ်ခြားစောင့်တပ်ကနေ အောက်တိုဘာ ၂၇ ရက်နေ့ မနေ့ညပိုင်းက ရနောင်းမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ တနင်္သာရီတိုင်း ကော့သောင်းမြို့ဘက်ကနေပြီး ထိုင်းနိုင်ငံ ရနောင်းဘက်ခြမ်းကို လူပွဲစားတွေကတဆင့် တရားမဝင် ဝင်ရောက်လာတဲ့ အသက် ၁၈ နှစ်အောက် လူငယ် ၂ ယောက်အပါအဝင် မြန်မာနိုင်ငံသား အယောက် ၃၀ ကို ထိုင်းနယ်ခြားစောင့်တပ်ကနေ အောက်တိုဘာ ၂၇ ရက်နေ့ မနေ့ညပိုင်းက ရနောင်းမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသားတွေကို ရနောင်းမြို့အထွက်နား ခလောင်လောရွာအနီးက ထိုင်းနယ်ခြားစောင့်တပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့  မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကိုသားကျော် က ပြောပါတယ်။

“တပ်မ ၂၅ က ဖမ်းတာ စစ်တပ်က သူတို့ ဒီ ပွဲစားနဲ့ လာတာကိုး၊ ပွဲစားနဲ့လာရင်းနဲ့ စစ်တပ်ကဖမ်းတယ်၊ ဖမ်းပြီးတော့ တောမော ( လူဝင်မှုကြီးကြပ်ရေးဌာန) ကိုလာအပ်တယ်၊ မိတဲ့နေရာကတော့ ကျနော်တို့ ရနောင်းကနေအထွက်ဖက် ကီလိုသုံးလေးဆယ်တော့ ရှိမယ်ပဲခင်ဗျ၊ ဒီကျနော်တို့ ချွန်ဖွန်ကိုတက်တဲ့လမ်းမှာ၊ ဒီ ရနောင်းကနေ အထွက်မှာဆိုရင် ဂိတ်တွေရှိတယ်၊ အဲ့ဂိတ်မှာ ဂိတ်ကနေစစ်တော့ မိတယ်ခင်ဗျ“

တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ ကားလေးစီးနဲ့ ရနောင်းမြို့ကနေ ချွန်ဖွန်မြို့နယ်ဖက်ကို မောင်းနှင်လာချိန် စစ်ဆေးရေးဂိတ်ကနေ တားဆီးစစ်ဆေးစဉ် လိုက်ပါလာတဲ့ မြန်မာနိုင်ငံသားတွေ ကားပေါ်ကဆင်းပြီး တောထဲထွက်ပြေးခဲ့ကြရာက ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး တချို့ လွတ်မြောက်သွားကြတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူတွေဟာ မြန်မာနိုင်ငံက အမျိုးသမီး ၁၄ ယောက်နဲ့ အမျိုးသား ၁၄ ယောက်ဖြစ်ပြီး ကလေးငယ် ၂ ယောက်ပါဝင်တယ်လို့ ရနောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ထိုင်းအရာရှိက အတည်ပြုပြောပါတယ်။

သူတို့ကိုဖမ်းလာတာကတော့ ကြောပေါလောကျေးရွာအုပ်စုကနေ ဖမ်းလာပြီး ပါချဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းထားချိန်မှာ ကျနော်တို့ လဝက ကနေပြီး တရားမဝင်မြန်မာနိုင်ငံသားတွေလား ဘယ်သူတွေလဲဆိုတာ သွားစစ်ခဲ့ပါတယ်၊ ကလေး ၂ ယောက်ပါပါတယ်၊ အသက် ၁၈ နှစ်အောက်ဖြစ်တဲ့အတွက် ကလေးထိန်းသိမ်းရေးစခန်းကို ပို့လိုက်ပြီ”

ဖမ်းဆီးရမိထားတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ပို့ဖို့စီစဉ်နေတယ်လို့ အဲဒီအရာရှိက ပြောပါတယ်။ ထွက်ပြေးလွတ်မြောက်သူတွေကိုလည်း ထိုင်းနယ်ခြား စောင့်တပ်ဖွဲ့က လိုက်လံရှာဖွေနေတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org