ချင်းတွင်းမြစ်မှာ စစ်တပ်ရဲ့ ရိက္ခာတင်သင်္ဘော ကြားဖြတ်တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ထဲကို အောက်တိုဘာလ ၂၆ ရက်မနေ့က ဆန်တက် လာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ရိက္ခာတင် သင်္ဘောသုံးစီးကို ဒေသခံ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ချောင်းဦး PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
- 2021-10-27
-
-
-
စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ထဲကို အောက်တိုဘာလ ၂၆ ရက်မနေ့က ဆန်တက်လာတဲ့ စစ်ကောင်စီ တပ်သား တွေရဲ့ ရိက္ခာတင် သင်္ဘောသုံးစီးကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက် ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချောင်းဦး PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
မုံရွာ၊ အလုံ၊ မင်းဒေါင့် ဆိပ်ကမ်းတွေဘက်ကနေ ဆန်တက်လာတဲ့ သင်္ဘောသုံးစီးကို ချင်းတွင်းမြစ်ထဲက နေရာရှစ်ခုကနေ ခုခံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ချောင်းဦး PDF အနေနဲ့ စစ်ကိုင်းတိုင်းအတွင်းက မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ခုခံစစ် ပြုလုပ် နေတာဖြစ်ပြီး စစ်ကောင်စီကို ရရာလက်နက်နဲ့ အဆုံးထိ တော်လှန်သွားမယ်” လို့ ချောင်းဦး ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ချောင်ဦး၊ ကနီနဲ့ မုံရွာမြို့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သုံးဖွဲ့ပူးပေါင်း ပြုလုပ်ခဲ့တာ ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်သားတွေဘက်က ထိခိုက်မှုတွေရှိသလို ဒေသခံ PDF တွေဘက်ကလည်း နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၂၇ ရက် ဒီနေ့မနက်မှာလည်း မုံရွာ - မန္တလေး လမ်းပိုင်းနေရာနှစ်ခုမှာ စစ်ကောင်စီ ယာဉ်တန်းတွေကို မြင်းမူ PDF၊ မြောင် PDF နဲ့ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့ အပါအဝင် ညီနောင်အဖွဲ့ ခြောက်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သားအချို့ သေဆုံးခဲ့တယ်လို့ ဒေသခံအဖွဲ့က ထုတ်ပြန် ထားပါတယ်။