အိန္ဒိယရောက် ရဲ ရှစ်ဦးကို ပြန်ပို့ဖို့ မြန်မာ တောင်းဆို

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်၊ အိန္ဒိယနိုင်ငံဘက်ကို ဝင်ရောက်ခိုလှုံသွားခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည်လွှဲအပ်ပေးဖို့၊ မြန်မာအာဏာပိုင်တွေက အိန္ဒိယအစိုးရကို တောင်းဆိုလိုက်ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ဖြိုခွင်းတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ၂၀၂၁၊ မတ် ၅ ရက်နေ့က တွေ့ရစဉ်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်၊ အိန္ဒိယနိုင်ငံဘက်ကို ဝင်ရောက်ခိုလှုံသွားခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည်လွှဲအပ်ပေးဖို့၊ မြန်မာအာဏာပိုင်တွေက အိန္ဒိယအစိုးရကို တောင်းဆိုလိုက် ပါတယ်။

အခုရက်ပိုင်းအတွင်းမှာပဲ မြန်မာ ရဲတပ်ဖွဲ့ဝင် ရှစ်ဦးနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ စုစုပေါင်း ၃၀ လောက်ဟာ နယ်စပ်ကိုဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံအတွင်း ဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာဘက်ခြမ်း ဖလမ်းခရိုင် အရာရှိတစ်ဦးက နှစ်နိုင်ငံ ချစ်ကြည်ရေးအရ အဲဒီ ရဲတပ်ဖွဲ့ဝင် ရှစ်ဦးကို ပြန်လည်အပ်နှံဖို့ စာရေးပေးပို့လာကြောင်း၊ အဲဒီစာနဲ့ပတ်သက်လို့ နယူးဒေလီက အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနကို အကြောင်းကြားထားပြီး၊ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း မီဇိုရမ် ပြည်နယ်၊ ချမ်ဖိုင်း ခရိုင် အ‌ကြီးတန်းအရာရှိတစ်ဦး က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနထံက တစ်စုံတစ်ရာ မသိရသေးသလို၊ နိုင်ငံခြားရေး ဝန်‌ကြီးဌာနကလည်း အချက်အလက်တွေကို စစ်ဆေးနေဆဲဖြစ်ကြောင်းသာ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org