သင်္ကန်းကျွန်းမြို့နယ် အိမ် ၁ဝဝ ကျော် တပ်က အဓမ္မဝင်သိမ်း


2013.06.13
yankin-housing-305.JPG သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် ၁၊ ၂ ရက်ကွက်အတွင်းကနေ ဖယ်ရှားခြင်းခံရတဲ့ ပြည်သူတွေကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်(အင်္ကျ ီအဖြူ အလယ်)က ဇွန်လ ၁၃ ရက်နေ့က လာရောက်တွေ့ဆုံစဉ်
photo: RFA/ Nay Myo Htun

တပ်မတော်ကို မြေဌားရမ်းခပေးပြီး မိသားစု လိုက် မွေးမြူရေး၊ စိုက်ပျိုးရေး လုပ်ကိုင်နေထိုင်နေတဲ့ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ၁ ၊ ၂ ရပ်ကွက်တွင်းက အိမ်ထောင်စု ၁ဝဝ ကျော်ရဲ့ နေအိမ်တွေကို အာဏာပိုင်တွေက ဒီကနေ့ အင်အားသုံး ဝင်ရောက် ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။

အခုလို တပ်မတော်က လူထုကို အင်အားသုံး ဖျက်ဆီးနေတာဟာ နိုင်ငံတော် သမ္မတ ရဲ့ ကောင်းမွန်သန့်ရှင်းတဲ့အစိုးရ လုပ်ဆောင်မှုဆိုတာ  မေးခွန်း ထုတ်စရာ ဖြစ်နေတယ်လို့ သင်္ကန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က အခုလို ပြောပါတယ်။

"ဒီနေ့ အင်အားသုံးဖြေရှင်းမှုဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလကို အရုပ်ဆိုးအကျည်းတန်စေပါတယ်၊ သမ္မတကြီးရဲ့ ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရ ဦးတည်ချက်ကို အခုလိုလူထုကို အင်အားသုံးပြီးတော့ ဖြေရှင်းလိုက်တဲ့အတွက် ဘာပဲပြောပြော မေးခွန်းထုတ်စရာဖြစ်ပါတယ်၊ တပ်မတော်ပိုင်ဖြစ်တော့ တပ်မတော်အနေနဲ့ မာရှယ်လောကာလတုန်းကလို အင်အားသုံးလို့ရတယ်ဆိုတဲ့အခါမှာ ဒါကျနော်တို့ပါတီအနေနဲ့ရော လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ရော သဘောမတူပါဘူး"

အဲဒီအိမ်ထောင်စုတွေဟာ မြေဧက ၃ဝ ကျော် ကျယ်ဝန်းတဲ့ အဲဒီမြေနေရာမှာ ၁၉၉၂ ခုနှစ်ကတည်းက တပ်မတော်ကို တစ်လ ၃၅ သိန်းပေးပြီး ဌားရမ်းလုပ်ကိုင်ခွင့်နဲ့ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

မြေဌားရမ်းထားသူတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ကတည်းက အပြီးဖယ်ရှားပေးဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲဒီမြေနေရာမှာ လုပ်ကိုင်စားသောက်နေထိုင်နေတဲ့ အိမ်ထောင်စုဝင်ပေါင်း ၁၁၈ စု ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။