ဒီမိုကရေစီ ဖော်ဆောင်ရေး တပ်မတော် လက်ခံဖို့ လို

မြန်မာ အစိုးရအနေနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်တဲ့နေရာမှာ ပြုပြင် ပြောင်းလဲမှုတွေကို သြဇာကြီးမားတဲ့ တပ်မတော်က လက်ခံမှသာလျှင် အောင်မြင်မှုရရှိမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အေပီ သတင်းဌာနနဲ့ မေးမြန်းခန်းမှာ သတိပေးပြောကြား လိုက်ပါတယ်။

လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တချို့ကို တွေ့ရစဉ် AFP

ဒါ့အပြင် အပြောင်းအလဲမှာ နောက်ထပ် တိုးတက်မှုတွေ ဆက်လက် ရရှိရေးနဲ့ ပတ်သက်လို့ မိမိအနေနဲ့ သတိကြီးကြီးထားပြီး အကောင်း မြင်မိကြောင်း၊ ပြုပြင်ပြောင်းလဲရေးမှာ အန္တရာယ် အမြောက်အမြား မရှိပေမယ့် အတားအဆီးတွေနဲ့ သတိထားစရာ တချို့ကတော့ ရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး ပြောဆိုရာမှာ အပြောင်းအလဲ တွေကို စစ်တပ်က ဘယ်လောက်ထိ ထောက်ခံအားပေးမှု ရှိသလဲ ဆိုတဲ့အပေါ်မှာ မိမိအနေနဲ့ စိုးရိမ်ပူပန်စိတ် ရှိကြောင်း၊ စစ်တပ်ဟာ ပြုပြင်ပြောင်းလဲရေး အခြေခံသဘောတရားတွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်ဖို့ ဘယ်လောက်ထိ ပြင်ဆင်ထားသလဲ ဆိုတာဟာ ပြုပြင်ပြောင်းလဲရေးမှာ အရေးအကြီးဆုံးအချက် ဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာ့ စစ်ရေး နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဌေးအောင်ကတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အနေနဲ့ သမ္မတ ဦးသိန်းစိန်ရဲ့အမိန့်ကို မနာခံတဲ့လုပ်ရပ်တွေကို မြင်တွေ့ရတဲ့အတွက် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးဟာ အချိန်မရွေး နောက်ကြောင်း ပြန်လှည့်သွားနိုင်တယ်လို့ ပြောပါတယ်။

ဦးဌေးအောင်နဲ့ အာရ်အက်ဖ်အေ ဦးကျော်ကျော်အောင် ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org