မြန်မာ့ငြိမ်းချမ်းရေး လက်နက်ကိုင် အဖွဲ့တွေ လက်ထဲမှာရှိကြောင်း ဗိုလ်ချုပ်မှူးကြီး ပြော
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့ဆိုတာ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် အဖွဲ့တွေရဲ့လက်ထဲမှာသာရှိကြောင်း မြန်မာ့တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက် ပါတယ်။
-
2015-01-19 -
-
-
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့ဆိုတာ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေရဲ့လက်ထဲမှာသာ ရှိကြောင်း မြန်မာ့တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
စင်္ကာပူအခြေစိုက် Channel News Asia သတင်းဌာန က တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေ ဆက်လက် ဆောင် ရွက်ဖို့ဆိုရင် ငြိမ်းချမ်းရေးဟာ တစ်ခုတည်းသော လမ်းကြောင်းဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးလမ်းကြောင်း ဟာလည်း တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ အပေါ် မူတည်နေတာပါ၊ သူတို့အမှန်တကယ် ငြိမ်း ချမ်းရေးလိုချင်ကြသလား၊ တကယ်လိုချင်တယ်ဆိုရင် မရစရာအကြောင်းမရှိပါဘူး၊ ဒီမိုကရေစီ လမ်းကြောင်း အတိုင်း လျှောက်ချင်တယ်ဆိုရင်၊ ဒေသတွင်းမှာ ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ သူတို့တကယ်လိုချင်တယ်ဆိုရင်၊ ငြိမ်းချမ်းရေးလမ်းကြောင်းကို သူတို့ရွေးချယ်နိုင် ပါတယ်၊ ငြင်းခုန်နေစရာ မလိုတော့ပါဘူး၊ စိတ်ဝမ်းကွဲနေတာတွေက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေ မှာဖြစ်ပါတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုကြောင်း Channel News Asia သတင်းဌာနက ဖော်ပြ ပါတယ်။
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကလည်း KIA ကချင်လက်နက်ကိုင်အဖွဲ့ထဲမှာ ငြိမ်းချမ်းရေးမလိုချင်တဲ့ အစိတ်အပိုင်းတချို့ ရှိနေပြီး၊ တပြည်လုံးအပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို ရည်ရွယ်ချက်ရှိရှိ နှောက်ယှက်နေကြတယ်ဆိုတာ ယုံကြည် စရာအကြောင်းအချက်တွေ အတော်များများရှိနေပါတယ်လို့ သူရဲ့အင်တာနက် Facebook လူမှုကွန်ရက်စာမျက်နှာ မှာ ရေးသားထားကြောင်း Channel News Asia သတင်းက ဖော်ပြထားပါတယ်။