လှည်းတန်းနဲ့ မြေနီကုန်းမှာ ဆန္ဒပြသူတွေကို ရဲနဲ့စစ်တပ် အင်အားသုံး လူစုခွဲ

ရန်ကုန်မြို့ လှည်းတန်းနဲ့ မြေနီကုန်းမှာ ဒီနေ့မနက်က စစ်အစိုးရဆန့်ကျင်ရေး သိန်းနဲ့ချီ ဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ ရဲက အင်အားသုံးလူစုခွဲခဲ့ပါတယ်။

ရန်ကုန်မြို့ ၊ တက္ကသိုလ်ရိပ်သာလမ်းနဲ့ ပြည်လမ်းထောင့်မှာ ရဲနဲ့တပ် နေရာယူထားတာကို ၂၀၂၁၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်

ရန်ကုန်မြို့ လှည်းတန်းနဲ့ မြေနီကုန်းမှာ ဒီနေ့မနက်က စစ်အစိုးရဆန့်ကျင်ရေး သိန်းနဲ့ချီ ဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ ရဲက အင်အားသုံးလူစုခွဲခဲ့ပါတယ်။  ပြည်လမ်းနဲ့ လှည်းတန်းတံတားပေါ်မှာ ရဲနဲ့ စစ်တပ်အင်အား ၃၀၀ လောက်နေရာယူထားပြီး ဆန္ဒပြသူတွေကို သေနတ်ပစ်ဖောက်လူစုခွဲခဲ့တာပါ။

မြေနီကုန်းလမ်းဆုံမှာလည်း ရဲနဲ့ စစ်တပ်က အင်အားတိုးချထားပြီး စစ်ကား၊ ရဲကားနဲ့ ကရိန်းကားတွေ အစီး ၄၀ ဝန်းကျင်လောက်ရှိနေပါတယ်။ အပြင်ဘက်မှာ မြင်ရသလောက် စစ်သားနဲ့ ရဲအင်အား ၁၀၀ ကျော်ရှိနေပြီး ဝတ်စုံပြည့် ဝတ်ဆင်ထားကြပါတယ်။ မြေနီကုန်းလမ်းဆုံမှာ အရင်ရက်တွေက ရဲကား တစ်စီး၊ နှစ်စီးသာရှိပြီး ဒီနေ့မှာ အင်အားတိုးချထားတာဖြစ်ပါတယ်။

ရန်ကုန်၊ တာမွေမြို့နယ် အောင်မင်္ဂလာရပ်ကွက်အတွင်းမှာ ဆန္ဒပြတောင်းဆိုနေသူတွေကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနေ့က ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲခဲ့ပြီးနောက် ဒီနေ့မနက်မှာ ဆန္ဒပြသူတွေရဲ့ အဓိက စုရပ်ဖြစ်တဲ့ လှည်းတန်းနဲ့ မြေနီကုန်းလမ်းဆုံမှာ စစ်တပ်နဲ့ ရဲက အင်အားအများအပြားချထားပြီး ဆန္ဒပြသူတွေ ကို ဖြိခွဲခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org