NLD ရုံးချုပ်အတွင်း ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေ

ရဲတပ်ဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးအတွင်းကို ဝင်ရောက်ပြီး NLD ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေလည်းဖြစ် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် တွေလည်းဖြစ်တဲ့ ဦးအောင်ကြည်ညွန့်နဲ့ ဒေါ်မေဝင်းမြင့်ကို ရှာဖွေခဲ့ပါတယ်။

ရန်ကုန်မြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို တပ်နဲ့ ရဲက ၂၀၂၁ ဖေဖော်ဝါရီ ၁၅ ရက်နေ့ညနေက ပိတ်ဆို့ထားတဲ့အတွက် ရုံးပေါ်မှာ ပိတ်နေတဲ့ NLD ပါတီဝင်သူတွေကို တွေ့ရစဉ်

ရဲတပ်ဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးအတွင်းကို ဝင်ရောက်ပြီး NLD ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေလည်းဖြစ် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တွေလည်းဖြစ်တဲ့ ဦးအောင်ကြည်ညွန့်နဲ့ ဒေါ်မေဝင်းမြင့်ကို ရှာဖွေခဲ့ပါတယ်။

ရုံးအတွင်း ငါးထပ်လုံးမှာ စိတ်ကြိုက်ဝင်ရောက်ရှာဖွေပြီး မတွေ့တဲ့အတွက် လူစုခွဲပြီး ပြန်ထွက်မယ်လို့ ဗဟန်းမြို့နယ် ရဲစခန်းမှူးက ပြောတယ်လို့ ရုံးချုပ်အတွင်းမှာရှိတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်းက ပြောပါတယ်။

NLD ရုံးချုပ်အနီး လာရောက်စုဝေးနေတဲ့ လူစုလူဝေးကို ခွဲပေးဖို့ ရဲတပ်ဖွဲ့က NLD တာဝန်ရှိသူတွေကို ပြောခဲ့ပါတယ်။ ရုံးချုပ်အနီးမှာ လူဦးရေသောင်းနဲ့ချီ လာရောက်ဝန်းရံနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org