ဒီပဲယင်းမှာ စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲပြင်းထန်ခဲ့၊ နှစ်ဘက်အကျအဆုံးများပြားခဲ့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မှာ စစ်ကောင်စီနဲ့ PDF တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ PDF ဘက်က ဒဏ်ရာရသူတွေကို မဖမ်းဘဲ ဒီအတိုင်းထားပြီး လာကယ်တဲ့သူတွေကို စစ်ကောင်စီက ထပ်မံပစ်ခဲ့လို့ PDF ဘက်က အထိခိုက်အကျဆုံးများခဲ့ရတယ်လို့ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က RFA ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံတွေကို ၂၀၂၁၊ ဇွန် ၁၄ ရက်နေ့က တွေ့ရစဉ် Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မှာ စစ်ကောင်စီနဲ့ PDF တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ PDF ဘက်က ဒဏ်ရာ ရသူတွေကို မဖမ်းဘဲ ဒီအတိုင်းထားပြီး လာကယ်တဲ့သူတွေကို စစ်ကောင်စီက ထပ်မံပစ်ခဲ့လို့ PDF ဘက်က အထိခိုက်အကျဆုံးများခဲ့ရတယ်လို့ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က RFA ကို ပြောပါတယ်။

ဇူလိုင် ၂ ရက်နေ့က စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၉ ယောက် သေဆုံးသလို PDF ဘက်ကလည်း ၁၈ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က RFA ကို ပြောပါတယ်။

PDF ဘက်က ဒီလိုအကျဆုံးများသွားတာဟာ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ အင်အား ၃၀၀ လောက်အထိ သုံးသွားတာတွေကြောင့် လူအင်အား လက်နက်အင်အား မမျှတာ၊ PDF ဘက်က ဒဏ်ရာ ရသူတွေကို သွားကယ်တဲ့သူတွေကိုပါ စစ်ကောင်စီဘက်က ပစ်ခတ်တာတွေကြောင့်လို့ ပြောပါတယ်။

ဇူလိုင် ၂ ရက် မနက် ၆ နာရီလောက်မှာ ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းကျေးရွာဘက်ကို စစ်ကောင်စီတပ်တွေ က အရပ်သားသုံး SKAT ကား လေးစီးနဲ့ ဝင်လာတာကြောင့် ဆပ်ပြာကျင်း၊ ဘုတ်ရွာ၊ အုန်းဒင်၊ ကျွန်းတောကြီး၊ ကျွန်းတောလေး၊ အင်ပင်နဲ့ အနားမှာရှိတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ PDF အဖွဲ့တွေကလည်း ပြန်ခုခံရင်း တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက ကျွန်းတောလေးကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး ညနေ ၆ နာရီထိ လက်နက်ကြီးတွေနဲ့ အချက် ၄၀ ထက်မနည်း ပစ်ခတ်တာကြောင့် ထိခိုက်သေဆုံးတာတွေ ရှိခဲ့တာလို့ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်က ဇူလိုင် ၃ ရက် မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org