မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စိုးရိမ်ဆဲ
အမေရိကန်စစ်တပ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပေမယ့် မြောက်ကိုရီးယား နဲ့ ဆက်ဆံရေးအပေါ်စိုးရိမ်နေဆဲဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာန က ပြောပါတယ်။
-
2013-08-29 -
-
-
အမေရိကန်စစ်တပ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပေမယ့် မြောက်ကိုရီးယား နဲ့ ဆက်ဆံရေးအပေါ်စိုးရိမ်နေဆဲဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာန က ပြောပါတယ်။
ဘရူနိုင်းနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ကာကွယ်ရေး ဝန်ကြီးတွေ နဲ့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှား နဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးတွေရဲ့ စည်းဝေးပွဲ ပြင်ပမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel နဲ့ မြန်မာအစိုးရ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်တို့ Nပီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က သီးခြားတွေ့ဆုံခဲ့ကြစဉ်မှာ မြန်မာနိုင်ငံ ရဲ့ ပြုပြက်ပြောင်းလဲမှုတွေ ဆက်လက် တိုးတက်နေဖို့အရေးကြီးသလို၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့လည်း အရေးကြီး ကြောင်း Chuck Hagel က ဆွေးနွေးခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ က ပြောဆိုပါတယ်။
ပြီးခဲ့တဲ့လက အမေရိကန်အစိုးရ အကြမ်းဖက်မှု နဲ့ဘဏ္ဍာရေး စုံစမ်းထောက်လှမ်းရေး ဌာန အကြီးအကဲ David Cohen က မြန်မာနိုင်ငံ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ညွှန်ကြားရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး ကို မြောက်ကိုးရီးယားနိုင်ငံက စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ဝယ်ယူခဲ့တဲ့ကိစ္စနဲ့ ပိတ်ဆို့အရေးယူ ကြောင်း ကြေညာခဲ့ပါတယ်။
အခုလို အမေရိကန် နဲ့ မြန်မာ ကာကွယ်ရေးဝန်ကြီးနှစ်ဦး သီးခြားတွေ့ဆုံခဲ့တာဟာ နှစ်နှစ်ဆယ်ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။