အကျဉ်းထောင်နဲ့ အကျဉ်းသား အရေး နိုင်ငံတကာအဖွဲ့တွေ တိုက်တွန်းပြောကြား


2016.11.10
insein-prison-620.JPG ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကို တွေ့ရစဉ်
Photo: RFA

ဗြိတိန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် AI ခေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာအစိုးရအနေနဲ့ အကျဉ်းထောင်တွေထဲက အခြေအနေတွေ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ဖို့ နိုဝင်ဘာလ ၁ဝ ရက်နေ့စွဲနဲ့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည်က အကျဉ်းထောင်တွေထဲမှာ နှိပ်စက်မှု၊ ပိတ်လှောင်ထားမှု၊ သောက်သုံးရေ မသန့်ရှင်းမှု၊ ကျန်းမာရေးစောင့်ရှောက်ပုံ ချို့တဲ့မှု စတဲ့လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အကြီးအကျယ်ရှိနေကြောင်း AI အဖွဲ့ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွန်ကြားရေးမှူး Rafendi ရာဖန်ဒီ ကပြောပါတယ်။

မြန်မာအစိုးရက၂ဝ၁၅ ဇူလိုင်လမှာ ထုတ်ပြန်ခဲ့တဲ့ အကျဉ်းထောင် ဥပဒေမူကြမ်းမှာ တိုးတက်မှုတွေ ပါဝင်ပေမယ့် နိုင်ငံတကာလူ့အခွင့်ရေး စံနှုန်းတွေနဲ့ တိုင်းတာရင် ပြင်ဆင်ပြောင်းလဲဖို့ အများကြီး လိုအပ်နေဆဲဖြစ်ကြောင်းလည်း သူကပြောပါတယ်။

မနေ့က တစ်ရက်တည်းမှာပဲ လန်ဒန်အခြေစိုက် မြန်မာအရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK ကလည်း ကြေညာချက်တစောင်ထုတ်ပြန်ကာ နိုင်ငံတော်တည်ငြိမ်ရေးပျက်ပြားအောင် လုပ်ဆောင်မှုနဲ့ ဖမ်းဆီးခံနေရတဲ့ ALP ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ ပြောခွင့်ရှိသူ ဦးခိုင်မျိုးထွန်းကို မြန်မာ အာဏာပိုင်တွေအနေနဲ့ ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။