ဥပဒေမဲ့ မြေယာသိမ်းမှုတွေ ဆက်ရှိနေဆဲလို့ AHRC ဖော်ပြ


2013.12.17

မြန်မာနိုင်ငံအနှံံမှာ လယ်ယာမြေ သိမ်းပိုက်မှုဖြစ်ရပ်တွေ အများအပြားရှိနေပြီး တချို့မြေသိမ်းပြဿနာတွေဟာ လတ်တလော ဖြစ်ပေါ်နေတာ ဖြစ်သလိုသလို၊ တချိူ့ကတော့ နှစ်ပေါင်းများစွာကတည်းက ဖြစ်ပေါ်ခဲ့တာလို့ ၂ဝ၁၃ ခုနှစ်အတွက် ဒီကနေ့ ထုတ်ပြန်တဲ့ အာရှလူ့အခွင့်အရေးကော်မရှင် AHRC ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မြေယာသိမ်းပိုက်မှုတွေထဲက အထင်ရှားဆုံးဖြစ်ရပ်ကတော့ ကြေးနီထုတ်လုပ်ရေး စီမံကိန်းအတွက် သိမ်းပိုက်ထားတဲ့ လက်ပံတောင်းတောင်ဒေသက မြေယာသိမ်းပိုက်မှုဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒီမြေယာတွေကို မြန်မာစစ်တပ်ရဲ့ ပင်မစီးပွားရေးကုမ္ပဏီဖြစ်တဲ့ ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီတို့က သိမ်းပိုက်ထားတာဖြစ်ပါတယ်။ မြေယာသိမ်းပိုက်မှုတွေထဲမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လယ်သမားတွေကြား ပဋိပက္ခဖြစ်ခဲ့တဲ့ ဧရာဝတီတိုင်း မအူပင်မြို့နယ်အတွင်းက လယ်ယာမြေတွေကို စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက သိမ်းပိုက်ထားတာဖြစ်သလို ပဲခူးတိုင်း နတ်တလင်းမြို့နယ်ထဲမှာလည်း အလားတူ မြေယာသိမ်းပိုက်မှုတွေ ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြေယာသိမ်းပိုက်မှုတွေနဲ့ ပတ်သက်ပြီး လတ်တလော ပြန်လည်တောင်းခံနေတဲ့ မိကျောင်းကန် မြေသိမ်းပိုက် မှုဖြစ်ရပ်တွေအတွက် အာဏာပိုင်တွေက ဝင်ရောက်ဖြရှင်းရာမှာ မြေယာအသိမ်းခံရသူတွေအတွက် ဖြေရှင်းပေး တာမျိုးမဟုတ်ဘဲ မြေသိမ်းပိုက်ထားသူတွေဘက်က ဘက်လိုက်ပြောဆိုမှုတွေ ရှိခဲ့တယ်လို့လည်း  AHRC ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီကြေညာချက်နဲ့ ပတ်သက်လို့ AHRC အဖွဲ့ရဲ့ ရှေ့နေ ဦးမင်းလွင်ဦးကို RFA အဖွဲ့သား ဦးဘအောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။