ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ လူသိန်းနဲ့ချီဆန္ဒပြနေကြ

ဒီကနေ့ စစ်အာဏာသိမ်း ခုနှစ်ရက်မြောက်နေ့မှာ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေမှာ လူသိန်းချီ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြသလို တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း လမ်းမပေါ်ထွက်ဆန္ဒပြ လှုပ်ရှားမှုတွေရှိလာပါတယ်။

ရန်ကုန်မြို့တွင် ၂၀၂၁ ဖေဖော်ဝါရီ ၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြစဉ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ကန့်ကွက်ဆန္ဒပြမှုတွေ မြန်မာနိုင်ငံတဝန်းမှာ တနေ့တခြား ပိုပိုတိုးလာနေပါတယ်။

ဒီကနေ့ စစ်အာဏာသိမ်း ခုနှစ်ရက်မြောက်နေ့မှာ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေမှာ လူသိန်းချီ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြသလို တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း လမ်းမပေါ်ထွက်ဆန္ဒပြ လှုပ်ရှားမှုတွေရှိလာပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်လည်း ရန်ကုန် ဆူးလေဘုရားနားက ဆန္ဒပြ လှုပ်ရှားမှုမှာပါဝင်ခဲ့ပြီး ဆန္ဒပြလှုပ်ရှားမှုကို ထောက်ခံကြောင်းပြောဆိုခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း၊ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် အားလုံးကို အမြန်ပြန်လွှတ်ပေးဖို့ တောင်းဆိုဆန္ဒပြကြတာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတ ဦးဝင်းမြင့်တို့ကို ဘယ်မှာထိန်းသိမ်းထားလည်းဆိုတာနဲ့ သူတို့ရဲ့ ကျန်းမာရေးအခြေအနေကို စစ်အစိုးရက ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်ကိုတော့ အကျယ်ချုပ်အဖြစ် ထိန်းသိမ်းထားတဲ့ အစိုးရအိမ်ယာကနေ ဒီကနေ့နေ့လယ်ပိုင်းမှာ လာရောက်ခေါ်ဆောင်သွား ဘယ်ကိုခေါ်သွားလဲဆိုတာ မသိရသေးဘူလို့ NLD တာဝန်ရှိသူတွေက RFA ကိုပြောပါတယ်။

ဒီကနေ့ နေ့လည် ၂ နာရီလောက်စပြီး နိုင်ငံတွင်း အင်တာနက်၊ ဖုန်းလိုင်းတွေကို စစ်အစိုးရက ပြန်ဖွင့်ပေးထားတာကြောင့် လတ်တလော ပြည်တွင်းကို ပြန်ဆက်သွယ်လို့ရနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org