တည်ဆဲဥပဒေတချို့ ဖျက်သိမ်းပေးဖို့ မီးပုံးပျံများလွှတ်ပြီး တောင်းဆို
ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ တည်ဆဲဥပဒေတွေကို ဖျက်သိမ်းပေးဖို့ ရှမ်းပြည်နယ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက တောင်ကြီးမြို့ အဝေရာ ကုန်းသာယာ အားကစားကွင်းမှာ ဒီကနေ့ မီးပုံးပျံအလုံး ၂၅၀ ကျော် လွှတ်တင်ပြီး တောင်းဆိုလိုက်ကြပါတယ်။
-
2014-01-05 -
-
-
ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ တည်ဆဲဥပဒေတွေကို ဖျက်သိမ်းပေးဖို့ ရှမ်းပြည်နယ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က တောင်ကြီးမြို့ အဝေရာ ကုန်းသာယာ အားကစားကွင်းမှာ ဒီကနေ့ မီးပုံးပျံအလုံး ၂၅၀ ကျော် လွှတ်တင်ပြီး တောင်းဆိုလိုက်ကြပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(ရှမ်းပြည်နယ်)မှ ကိုနေမျိုးက ဒီမိုကရေစီနိုင်ငံတော်နဲ့ မကိုက်ညီတဲ့ တည်ဆဲဥပဒေတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ မီးပုံးပျံတွေ လွှတ်တာပါ၊ ကျနော်တို့ ရှမ်းပြည်ရဲ့ဓလေ့ထဲမှာ ငြိမ်းချမ်းတဲ့ပြည်သူတွေ အထိတ်တလန့် မဖြစ်အောင်၊ နောက်အကြောက် တရားရှိနေတဲ့ အာဏာပိုင်တွေနဲ့ ပြည်သူတွေရော သူတို့စိုးရိမ်စိတ်တွေ မရှိအောင် ကျနော်တို့ ငြိမ်းစုစည်းဆိုတဲ့ ပုဒ်မ ၁၈ ကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြတာပါ လို့ ပြောပါတယ်။
လက်ရှိ တည်ဆဲဥပဒေတွေဖြစ်တဲ့ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊(၂)၊ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) စတဲ့ ဥပဒေတွေကို အလိုမရှိကြောင်း မီးပုံးပျံဘေးမှာ ကြက်ခြေခတ် အမှတ်အသားခြစ်ပြီး လွှတ်တင်ခဲ့တာပါ။
အဲဒီ မီးပုံးပျံလွှတ်တင်ပွဲကို အမျိုးသာ းဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေဖြစ်တဲ့ ပအိုဝ်းဒီမိုအဖွဲ့၊ ကောင်ရွေအဖွဲ့၊ တောင်သူလယ်သမားသမဂ္ဂ(အင်းလေး)က အဖွဲ့ဝင်တစ်ချို့နဲ့ ဒေသခံတွေ ကြည့်ရှုအားပေးခဲ့ကြပါတယ်။