မင်းတပ်က စစ်ကောင်စီတပ်သားအယောက် ၂၀ CDF နဲ့ ပူးပေါင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ မကွီးအိမ်နူးမြို့က စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပူးပေါင်းကင်းစခန်းတစ်ခုက စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ တို့ဟာ ဇူလိုင် ၂၄ ရက်နေ့က လက်နက်ခဲယမ်းတွေနဲ့အတူ မင်းတပ်ဒေသ ကာကွယ်ရေး CDF အဖွဲ့ နဲ့ ပူးပေါင်းလိုက်ကြပါတယ်။

မင်းတပ်မြို့နယ်ရှိ မကွီးအိမ်နူးမြို့က လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်တွေကို တွေ့ရစဥ် Photo CJ
ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ မကွီးအိမ်နူးမြို့က စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပူးပေါင်းကင်းစခန်း တစ်ခုက စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ တို့ဟာ ဇူလိုင် ၂၄ ရက်နေ့က လက်နက်ခဲယမ်းတွေနဲ့အတူ မင်းတပ်ဒေသ ကာကွယ်ရေး CDF အဖွဲ့ နဲ့ ပူးပေါင်းလိုက်ကြပါတယ်။
 
အဲဒီစခန်းကို မင်းတပ် CDF အဖွဲ့က လက်နက်ချဖို့နဲ့ လက်နက်မချရင် တိုက်ခိုက်ရလိမ့်မယ်လို့ ပြောခဲ့ချိန်မှာ စခန်းက ဗိုလ်ကြီးအဆင့်နဲ့ တာဝန်ရှိသူက လက်နက်ချဖို့ သဘောတူညီခဲ့ပြီး လက်နက်တွေနဲ့အတူ ပူးပေါင်း ခဲ့တယ်လို့ CDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
 
အဲဒီကင်းစခန်းမှာရှိတဲ့ ခမ၇ ၂၇၄ ဗိုလ်ကြီးသိန်းထိုက် အပါအဝင် စစ်သား ၁၀ ယောက် နဲ့ ရဲဝန်ထမ်း ၁၀ ယောက် စုစုပေါင်း အယောက် ၂၀ တို့က CDM အာဏာဖီဆန်ရေးလုပ်ကာ မင်းတပ် CDF အဖွဲ့နဲ့ ပူးပေါင်း ခဲ့ကြပြီး CDM မှာ မပါဝင်ချင်တဲ့ ငါးဦးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့လည်းဆိုပါတယ်။
 
မင်းတပ်မြို့ရှိ မကွီးအိမ်ကင်းစခန်းကို စစ်ကောင်စီတပ်က ရိက္ခာလစာ မထောက်ပံ့တာ နှစ်လအထိ ရှိနေပြီလို့လည်း သိရပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org