သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ၁၅ ဦး နုတ်ထွက်

နိုင်ငံတော်သမ္မတ အတည်ပြုဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီက အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးတွေနဲ့ အဖွဲ့ဝင်တွေအပါအဝင် ကောင်စီဝင် ၁၅ ဦး ဒီနေ့ တာဝန်ကနေ နုတ်ထွက်လိုက်ကြပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်တွေကို ၂၀၂၀ မေ ၁၈ ရက်နေ့က တွေ့ရစဉ်

နိုင်ငံတော်သမ္မတ အတည်ပြုဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးတွေနဲ့ အဖွဲ့ဝင်တွေအပါအဝင် ကောင်စီဝင် ၁၅ ဦး ဒီနေ့ တာဝန်ကနေ နုတ်ထွက်လိုက် ကြပါတယ်။

ဒီနေ့ သတင်းမီဒီယာကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ကောင်စီဝင် ၁၅ ဦး နုတ်ထွက်လိုက်ကြတာ လို့ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူးအဖြစ်ကနေ နုတ်ထွက်လိုက်တဲ့ ကိုကျော်စွာမင်းကပြောပါတယ်။

အာဏာသိမ်းတဲ့အစိုးရလက်ထက်မှာ သတင်းမီဒီယာကောင်စီအနေနဲ့ လွတ်လပ်စွာဆောင်ရွက်နိုင်ဖို့ မမျှော် လင့်တဲ့အတွက် နုတ်ထွက်လိုက်တာလို့ ကိုကျော်စွာမင်းကပြောပါတယ်။ ကောင်စီမှာ အဖွဲ့ဝင် ဘယ်နှစ် ယောက်ကျန်တယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။ နုတ်ထွက်လိုက်တဲ့သူတွေထဲမှာ ကိုကျော်စွာမင်း အပြင် ကိုကျော်မင်းဆွေ၊ ဦးမြင့်ကျော်၊ ကိုဇေယျာလှိုင်၊ မဝေမာသိမ့် တို့လည်း ပါဝင်ပါတယ်။

သတင်းမီဒီယာကောင်စီကို ပြီးခဲ့တဲ့သမ္မတဦးသိန်းစိန် လက်ထက်ကတည်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး NLD အစိုးရလက်ထက်မှာလည်း သတင်းမီဒီယာကောင်စီကို ထပ်မံဖွဲ့စည်း အတည်ပြုခဲ့တာဖြစ်ပါတယ်။

သတင်းမီဒီယာကောင်စီဟာ သတင်းသမားတွေနဲ့ တပ်မတော်၊ အစိုးရနဲ့ အရပ်သားပြည်သူတွေကြားမှာ ဖြစ်ပေါ်လာတဲ့ပြဿနာတွေကို ကြားဝင်ဖြေရှင်းပေးတာတွေ အဓိကဆောင်ရွက်တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org