မုန်တိုင်းငယ် သတိပေးချက် မိုးဇလထုတ်ပြန်
2019.08.07
ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ နေပြည်တော်၊ ရခိုင်၊ ကရင်နဲ့ မွန် ပြည်နယ်တွေမှာ မိုးထစ်ချုန်းရွာတာနဲ့ လေပြင်းတိုက်ခိုက်တာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာဆိုရင် ကရင် နဲ့ မွန်ပြည်နယ်တွေနဲ့ ပဲခူး၊ ရန်ကုန်တိုင်းတွေမှာ မိုးအဆက်မပြတ် ရွာနေတဲ့အတွက် ရေကြီးတာတွေ၊ ရေနစ်မြုပ်တာတွေ ဖြစ်နေပါတယ်။
RFA သတင်းထောက် ကိုကျော်လွင်ဦးနဲ့ ကိုအောင်သိင်္ခတို့က စုစည်းထားတာကို မဝေမာထွန်းက တင်ပြထားပါတယ်။