ကွတ်ခိုင်မှာ ထောင်နဲ့ချီတဲ့ဒုက္ခသည်တွေ ထွက်ပြေးနေရ
2019.08.23
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်နဲ့မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တိုက်ပွဲကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ကွတ်ခိုင်မြို့နယ်အတွင်းက နီးစပ်ရာဘုန်းတော်ကြီး ကျောင်းတွေမှာ ထွက်ပြေးခိုလှုံနေရပါတယ်။ လက်ရှိအချိန်ထိ ဒေသအတွင်းမှာ တိုက်ပွဲတွေဆက်ရှိနေပြီး မူဆယ်ကွတ်ခိုင်လမ်းပိုင်းကို ပိတ်ထားတဲ့အတွက် ခရီးသည်တွေသွားလာလို့မရဘဲ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။ RFA သတင်းထောက် ကိုကံသာက ကွတ်ခိုင်မြို့ကနေ သတင်းပေးပို့ ထားပါတယ်။