သမီးလှကျေးရွာမှာ အစိုးရတပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့သလား
2019.02.07
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှာ ဇန်နဝါရီလ ၂၆ ရက်နေ့က အစိုးရလုံခြုံရေးတပ်ဖွဲ့က ငွေကြေးနဲ့ အဖိုးတန်လက်ဝတ်ရတနာတွေ ယူဆောင်သွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကတော့ အဲဒီလိုယူဆောင်ခဲ့တာ မရှိဘူးလို့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အသေးစိတ်ကို RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။