NLD အစိုးရလက်ထက် သတင်းလွတ်လပ်ခွင့် ပိုကျဆင်း၊ ဖိနှိပ်မှုပိုများလာ
သန့်ဇင်ဦး
2020.04.30
2020.04.30
ဒေါ်အောင်ဆန်းစုကြည် - နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် - “ကျမတို့နိုင်ငံ အခုသွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်း ပွင့်သွားဖို့အတွက် သတင်းလောက က တတ်နိုင်သမျှ ကူညီကြပါ။”
NLD အစိုးရမဖြစ်ခင် - ၂ဝ၁၅ ခုနှစ် မေလ ၃ ရက်နေ့က ရန်ကုန်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာပါ။ အလားတူပဲ သမ္မတ ဦးဝင်းမြင့် ကလည်း - “ဒီမိုကရေစီစနစ် အားကောင်းဖို့အတွက် မီဒီယာလွတ်လပ်ခွင့်ဟာ မရှိမဖြစ် အရေးကြီးတယ်” - ဆိုပြီး မနှစ်က ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ သဝဏ်လွှာမှာ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ နှစ်စဉ်ထုတ်ပြန်တဲ့ သတင်း လွတ်လပ်ခွင့်အညွှန်းကိန်းတွေအရ - NLD ပါတီ အစိုးရတက်လာပြီး - တနှစ်အကြာ ၂ဝ၁၇ မှာ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်မှုဟာ အဆင့် ၁၃၁ နေရာမှာ ရှိနေရာကနေ - ၂ဝ၁၈ မှာ ၁၃၇ ၊ ၂ဝ၁၉ မှာ ၁၃၈ နဲ့ ၂ဝ၂ဝ မှာ အဆင့် ၁၃၉ အထိ ဆက်တိုက် ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) အဖွဲ့ဝင် ဦးဇေယျာလှိုင် ကတော့ -
“ဒီ Index ထွက်မလာခင်ကတည်းက မျှော်လင့်ထားပြီးသားပါ။ လာမယ့်နှစ်တွေမှာ မြန်မာနိုင်ငံရဲ့ သတင်း လွတ်လပ်ခွင့်ဟာ ကျမယ်လို့။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲနှစ်ပိုင်းတွေမှာ အစိုးရကနေ တရားစွဲတဲ့ ကိစ္စတွေရှိတယ် သတင်းစာဆရာတွေကိုပေါ့နော်။ တပ်မတော်ကနေ အမှုဖွင့်တဲ့ကိစ္စတွေရှိတယ်။ ဖမ်းဆီးတာ မျိုးတွေရှိတယ်။”
အသံအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခ ကလည်း -
“လတ်တလောမှာဆိုရင် NLD ပါတီဦးဆောင်တဲ့ အစိုးရလက်ထက်မှာတင် သတင်းသမားတွေ တရားစွဲခံထားရ တာ ၆၇ ဦးအထိ ရှိလာတာကို တွေ့ရတယ်။ တရားစွဲခံထားရတဲ့ အမှုပေါင်းကလည်း ၆ဝ ကျော်အထိ ရှိလာတယ် ပေါ့နော်။ အဲ့လို အခြေအနေမျိုးမှာ သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ တနှစ်ထက်တနှစ် ပိုပြီးတော့ ကျလာတယ်ဆိုတာ လုံးဝငြင်းလို့မရတဲ့ အခြေအနေလို့ ကျနော်တို့ကတော့ မြင်ပါတယ်ခင်ဗျ။”
အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားတဲ့ AA ရက္ခိုင့်တပ်တော်ကို ဆက်သွယ်မေးမြန်းပြီး သတင်းရေးသားခဲ့ကြတဲ့ သတင်းသမားတချို့ ပြီးခဲ့တဲ့လထဲမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးအမှုဖွင့်ခံရ တာတွေ ရှိပါတယ်။ ဒီအထဲမှာ ခေတ်သစ်မီဒီယာ အယ်ဒီတာချုပ် ကိုသာလွန်ဇောင်းထက်၊ နိရဥ္ဇရာသတင်း ဌာန အယ်ဒီတာချုပ် ခိုင်မြတ်ကျော် တို့လည်း ပါဝင်ပြီး လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
Voice of Myanmar အယ်ဒီတာချုပ် ကိုနေမျိုးလင်း ကိုလည်း ဒီဥပဒေနဲ့ အမှုဖွင့်ဖမ်းဆီးခဲ့ပြီးနောက် - ပြန်လွှတ်ပေးခဲ့တာပါ။
“ကျနော်စွဲခံရတဲ့ပုဒ်မဆိုရင် သူတို့က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေမှာ ‘မည်သူမဆို’ - လို့ ပြောထားတဲ့ အတွက် သတင်းထောက်လည်း လွတ်လပ်ခွင့်မရှိနိုင်ဘူးပေါ့။ ဒါကြောင့် ဒီဥပဒေနဲ့ ငြိကိုငြိတယ်ဆိုတာမျိုး ရဲက ပြောတာရှိတယ်။ နောက်ထပ်ဆက်သွယ်မယ်ဆိုရင် ကျနော့်ကိုစွဲတဲ့ ၅ဝ (က)၊ ၅၁ (က) နဲ့တော့ မငြိဘူး။ ကျန်တဲ့ မတရားအသင်းဆက်သွယ်တဲ့ဥပဒေနဲ့ ငြိလာနိုင်တယ်လို့ ရဲက ပြောလိုက်တဲ့အတွက် တော်တော် စိုးရိမ်စရာရှိတယ်။ ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီးတော့ သတင်းရေးမယ်၊ သတင်းသွားယူမယ် ဆိုရင် တပ်မတော်ဘက်ကလည်း မကြိုက်ဘူးဖြစ်နေတော့ နောက်ဆုံး တရားစွဲခံရတာ ထက် အသက်အန္တရာယ်ပါ ခြိမ်းခြောက်ခံရနိုင်မယ်လို့ ထင်တယ်။”
Channel Mandalay သတင်းထောက် ကိုနန္ဒ (ခေါ်) ကိုအောင်ကြည်မြင့် ဆိုရင်လည်း မန္တလေးမြို့က အိုးဘိုအကျဉ်းထောင်မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတာပါ။ သူဟာ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် အောင်သပြေရွာအနီးမှာ ပြီးခဲ့တဲ့နှစ် မေလ ၁၅ ရက်နေ့က Alpha ဘိလပ်မြေစက်ရုံစီမံကိန်းဆန္ဒပြပွဲကို သတင်းယူရင်း တိုက်ရိုက် Live လွှင့်ခဲ့တဲ့အတွက် တရားစွဲ ထောင်ချခံခဲ့ရတာဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး။ ၂ဝ၁၇ စက်တင်ဘာလဆန်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ရွာမှာ ရိုဟင်ဂျာ ၁ဝ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်ခဲ့မှုအကြောင်း ဖော်ထုတ်ရေးသားခဲ့ကြတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ ၂ ဦး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက် သူတို့နှစ်ဦး လွတ်မြောက်ရေး ပြည်တွင်း-ပြည်ပက ဖိအားပေးတောင်းဆိုမှုတွေကြောင့် ပြီးခဲ့တဲ့နှစ် မေလမှာ ပြန်လည် လွတ်မြောက်ခဲ့တာပါ။
NLD အစိုးရလက်ထက် - သတင်းသမားတွေတရားစွဲခံရတဲ့ အမှုတွေထဲမှာ ဆက်သွယ်ရေးဥပေဒပုဒ်မ ၆၆(ဃ) နဲ့ ၃၄ မှု၊ အကြမ်းဖက်မှုတိုက်ဖျတ်ရေးဥပဒေပုဒ်မ ၁၇ (၁) နဲ့ ၈ မှု၊ သရေဖျတ်မှုပုဒ်မ ၅ဝဝ နဲ့ ၄ မှုရှိပြီး၊ တခြား ပုဒ်မတွေနဲ့ တရားစွဲခံရသူတွေလည်းရှိတယ်လို့ အသံအဖွဲ့က ပြောဆိုထားပါတယ်။
အခုလို သတင်းသမားတွေ ဖမ်းဆီး၊ တရားစွဲ၊ ထောင်ချခံနေရတာတွေကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေ လိုအပ်နေပြီလို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို ကာကွယ်ပေးတဲ့အဖွဲ့ (Pen Myanmar) ဒါရိုက်တာ ဦးဟန်ဇော် က ပြောပါတယ်။
“သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေ ကျနော်တို့မှာ မရှိသေးဘူး။ တည်ဆဲဥပဒေတွေကလည်း ဒါတွေအားလုံးကို အကာအကွယ်မပေးနိုင်ဘူး။ ဒီဥပဒေတွေကို မပြင်ဆင်နိုင်ဘူး။ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်နဲ့ သတင်းလွတ်လပ်ခွင့်ကို အကာကွယ် ပေးတဲ့ဥပဒေတွေအဖြစ် မပြင်ဆင်နိုင်သေးသ၍ ကာလပတ်လုံး ကျနော်တို့ရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော် ခွင့်တွေကတော့ အခက်အခဲတွေ ကြံုနေဦးမှာပဲ။ စိန်ခေါ်မှုတွေ ရှိနေဦးမှာပါ။”
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ - NLD အစိုးရမဖြစ်ခင် - ၂ဝ၁၅ မေလက ကျင်းပခဲ့တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အခမ်းအနားမှာ မီဒီယာဥပဒေ ပေါ်ထွက်လာဖို့ကိစ္စ ပြောခဲ့ဖူးပါတယ်။
“ကျမတို့ဟာ သတင်းသမားများနဲ့ပတ်သက်တဲ့၊ စာနယ်ဇင်းလောကနဲ့ ပတ်သက်တဲ့ ကောင်းတဲ့ဥပဒေတွေ ပေါ်ထွက်လာဖို့ကြိုးစားပါမယ်။ ဒါပေမဲ့လည်း ဒီဥပဒေတွေ တကယ် ထိရောက်နိုင်ဖို့အတွက် လုပ်ရမှာကတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာရဲ့တာဝန်ဖြစ်ပါတယ်။ ဒီဥပဒေတွေ မထွက်သေးတာကလည်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ရဲ့ တာဝန်ပါပဲလို့”
ဒါကြောင့် ကျန်နေသေးတဲ့ NLD အစိုးရသက်တမ်း ၁ နှစ်အတွင်းမှာ သတင်းမီဒီယာဥပဒေ ပေါ်ထွက်လာ နိုင်မလားဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်။
သတင်းသမားတွေ ဥပဒေအကာအကွယ်မဲ့နေချိန်မှာပဲ ရပ်တည်ရေးမှာလည်း အခက်ခဲကြံုနေရတာပါ။ အထူးသဖြင့် ပုံနှိပ်မီဒီယာတွေရဲ့အနာဂတ်ဟာ စိုးရိမ်စရာ အခြေအနေမှာရှိနေတယ်လို့ 7Days ဂျာနယ် အယ်ဒီတာချုပ် ကိုအားမာန် က ပြောပါတယ်။
“အဓိကပုံနှိပ်စျေးကွက်မှာကတော့ ၂၀၁၇ လောက်ကစပြီး အကျဘက်ကို ဦးတည်နေတယ်လို့ သုံးသပ်ပါတယ်။ ၂၀၁၇ ကျတော့ ၂၀၁၈ မှာများကောင်းမလားလို့ ကျနော်တို့ မျှော်မှန်းပြီးတော့လုပ်တယ်ပေါ့နော်။ ၁၈ က ပိုဆိုးတယ်။ ၁၉ မှာ ပိုဆိုးတယ်။ အခုက တဖြေးဖြေး ပိုပြီး ဆိုးလာတာပါ။ ဒီကြားထဲမှာ ၂၀၂၀ နှစ်ဆန်းကတော့ Covid-19 ရိုက်ချက်ကြောင့် နဂိုကတည်းက ရုန်းကန်နေရတဲ့ ပုံနှိပ်မီဒီယာတွေက အကျကို ဘီးတပ်ပေးလိုက်သလိုပါပဲ။ တော်တော်လေး ရုန်းကန်နေရပြီး အခြေအနေဆိုးတဲ့ အနေအထားကို ရောက်နေတာပါ။ အဲတော့ စျေးကွက်ထဲမှာဆိုရင်လည်း စိတ်မကောင်းစရာက ကျနော်တို့ လုပ်ဖော်ကိုင်ဖက် တချို့ သတင်းဆိုးတွေကြားရပါတယ်။ တချို့တိုက်တွေဆိုရင် ၀န်ထမ်းတွေ လျှော့လိုက်ရ တာမျိုးတွေရှိတယ်။ တချို့တိုက်တွေဆိုရင်လည်း မကြာခင်မှာ ထုတ်ဝေမှု ရပ်ဆိုင်းဖို့ဆိုတဲ့ အနေအထားမျိုးတွေ ရှိတယ်ပေါ့နော်။ ကျနော်တို့ အများကြီး မျှော်လင်ခဲ့တဲ့အနေအထားမှာ တကယ့်တကယ်ကျတော့ မျှော်လင့်သလောက် တော်တော်လေးကို မဖြစ်တာပါ။”
ပုဂ္ဂလိကသတင်းစာကြီးတစောင်ဖြစ်တဲ့ Myanmar Times ဟာဆိုရင်လည်း မကြာသေးခင်ကပဲ သတင်းသမား ၃ဝ အပါအဝင် ၀န်ထမ်းပေါင်း ၇၀ လောက်ကို အလုပ်ရပ်ဆိုင်းထားရတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ အခုလို ပြည်တွင်းက ပုဂ္ဂလိကမီဒီယာလောကအတွက် စိန်ခေါ်မှုတွေရှိနေချိန်မှာ - ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကစလို့ အခုထိ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ၉ ခုမှာ အင်တာနက်ဖြတ်တောက်ထားတဲ့အပေါ် သတင်းအမှောင်ချတဲ့ လုပ်ရပ်အဖြစ် ပြည်တွင်းကရော၊ ပြည်ပကပါ အတော်လေး ဝေဖန်ခဲ့ကြပါတယ်။
ဒီလိုသာ ဆက်သွားနေရင် မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်မှု အဆင့်အတန်းဟာ ရှေ့လာမယ့် နှစ်တွေမှာလည်း ဆက်ပြီး ကျဆင်းနေမှာပဲလို့ သတင်းသမားတွေက ထောက်ပြခဲ့ကြပါတယ်။