ပဲခူးမှာ ဒီနေ့ည နေအိမ်တွေထိ လိုက်ဖမ်းနေ
2021.03.09
စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်ကြတဲ့ ပဲခူးမြို့က သပိတ်ခေါင်းဆောင်တွေကို မတ်လ ၉ ရက်နေ့ ဒီနေ့ညပိုင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က နေအိမ်တွေအထိ လိုက်လံဖမ်းဆီးနေပါတယ်။ ပဲခူးမြို့ ဇိုင်းကနိုင်းမြောက်ပိုင်းမှာ နေထိုင်တဲ့ သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဂျမားကို စစ်တပ်အင်အား အလုံးအရင်းနဲ့ ဒီကနေ့ ည ၆ နာရီခွဲလောက်မှာ ဖမ်းဆီးသွားတဲ့ ဗီဒီယိုကို RFA က ရရှိပါတယ်။
ဒီကနေ့ည ပဲခူးမှာ နေအိမ်တွေထိ လိုက်လံဖမ်းဆီးမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် ပုန်းရှောင်နေရတယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။