NLD အစိုးရလက်ထက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကျဆင်း
2018.10.18
NLD အမျိုးသားဒီမိုကရေစီအဖွ့ဲချုပ် အစိုးရလက်ထက် သက်တမ်းတဝက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟာ ဆိုးဆိုးဝါးဝါးကျဆင်းနေတယ်လို့ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) က အောက်တိုဘာလ ၁၈ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောခွင့်နဲ့ ပတ်သက်လို့ တရားစွဲဆိုတာတွေဟာ လက်ရှိအစိုးရသက်တမ်းတဝက်မှာတင် ပြီးခဲ့တဲ့အစိုးရလက်ထက်က စွဲဆိုခဲ့တာတွေထက် ကျော်လွန်နေပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ကျဆင်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။