မိုးကုတ်မှာ ကျည်ထိမှန်သူနှစ်ဦးကို စစ်ကောင်စီတပ် သယ်သွား
2021.04.17
မန္တလေးတိုင်း မိုးကုတ်မြို့နယ်အရှေ့ပိုင်း အောင်ချမ်းသာရပ်ကွက်မှာ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့ နေ့လယ် ၁ နာရီမှာ စစ်ကောင်စီတပ် ပစ်ခတ်တာကြောင့် အနည်းဆုံး လူနှစ်ဦး ကျည်ထိမှန် သွားပါတယ်။ ဦးခေါင်း ကျည်ထိမှန်သူတစ်ဦးနဲ့ ခြောက်ထောက် ကျည်ထိမှန်သူ တစ်ဦးတို့ကို စျေးတွန်းလှည်း နဲ့ စစ်ကောင်စီတပ် သယ်သွားတယ်လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။ ဒ့ါအပြင် တခြား ကျည်ထိမှန် ဒဏ်ရာ ရသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။