ကနီ ဇီးပင်တွင်းရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
2021.07.29
စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ကတည်းက စစ်ကောင်စီတပ်တွေ တပ်စွဲထားပြီး ကျေးရွာတွေနဲ့ တောတွေထဲကို အင်အား အလုံးအရင်းနဲ့ လိုက်လံရှာဖွေ ဖမ်းဆီးနေပါတယ်။
ဇူလိုင်လ ၂၇ ရက်နေ့မှာ ဇီးပင်တွင်းရွာ အနောက်ဘက် တောတွင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး မြေမြုပ်ထားတဲ့ အလောင်းတွေကို ဒေသခံတွေက တွေ့ရှိခဲ့ရပါတယ်။ အသေးစိတ်ကို မခင်မိုးညိုက တင်ပြထားပါတယ်။