ကနီမြို့နယ်က စစ်ပြေးဒုက္ခသည် တောင်သူများ
ခင်မိုးညို
2021.05.11
2021.05.11
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးနောက် ဧပြီလ ၁၁ ရက်နေ့မှာ စစ်ကိုင်းတိုင်း ကနီမြို့ကို တပ်အင်အား အလုံးအရင်း ဝင်ရောက် တပ်စွဲခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် ကနီမြို့နယ်အတွင်း လက်နက်ရှိနိုင်တယ်လို့ ယူဆတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က အကြမ်းဖက်စီးနင်း ရှာဖွေခဲ့ပါတယ်။ အခုချိန်အထိ ကနီမြို့နယ်အတွင်းမှာ ထွက်ပြေးတိမ်းရှောင်နေရသူ ၃ ထောင်ကျော် ရှိနေပါတယ်။
RFA သတင်းထောက် မခင်မိုးညိုက တင်ပြထားပါတယ်။