ပျောက်ကွယ်လုနီးပါး အင်းလေးရိုးရာဆောင်းပိုက် ငါးဖမ်းနည်း
RFA Burmese
2023.03.10
2023.03.10
အိမ်တွေကို ကုန်းပေါ်မှာမဆောက်ပဲ ရေပေါ်မှာဆောက်တဲ့အရပ်၊ ခရီးကိုလှည်းနဲ့မသွားပဲ လှေနဲ့ပဲ သွားတဲ့အရပ်၊ လှေကိုလက်နဲ့မလှော်ပဲ ခြေထောက်နဲ့ပဲလှော်တဲ့ အရပ်လို့ပြောမယ်ဆိုရင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၂၉၀၀ လောက်မှာရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက အင်းလေးကန်ကို ပြေးမြင်မိမှာပါ။
အဲဒီ အင်းလေးဒေသမှာ လှေကိုခြေနဲ့လှော်ပြီး လူတစ်ရပ်ကျော် ခြောက်ပေခွဲလောက်မြင့်တဲ့ ကတော့ပုံ ရိုးရာ ဆောင်းပိုက်၊ မှိန်းတို့နဲ့ ငါးဖမ်းတာဟာ အင်းသားတို့ရဲ့ ထူးခြားတဲ့ ရိုးရာအလေ့အထဖြစ်ပြီး၊ ဒီလိုပုံတွေကို ကမ္ဘာ့ခရီးသွားလုပ်ငန်းတွေမှာတောင် ကြော်ငြာထည့်ကြပါတယ်။
အရှည်ခြောက်ပေခွဲလောက်ရှိပြီး ဆောင်းပိုက်လို့ ဒေသခံတွေခေါ်တဲ့ ငါးဖမ်းတဲ့အုပ်ဆောင်းရဖို့ ချည် ၁၅ ခင်နဲ့ ၁၀ ရက်လောက် ကြာအောင် ရက်လုပ်ရပါတယ်။
အဲဒီဆောင်းပိုက်တွေကို ညောင်ရွှေမြို့နယ်၊ အိုင်ထောင့်ကြီးရွာက အသက် ၇၀ အရွယ် ဒေါ်အေးကြွယ်က ဒီနေ့အချိန်အထိ ဆက်လုပ်နေဆဲပါ။ ဒီပညာကို သူကလေးဘဝကတည်းက မိခင်နဲ့အတူ ရက်လုပ်ရင်းတတ်မြောက်ခဲ့တာဖြစ်ပါတယ်။
အရင်က နိုင်လွန်ချည်တစ်ခင်ကို ငွေတစ်ထောင်ကျပ်ပဲ ပေးရပေမယ့် လက်ရှိ ကုန်စျေးနှုန်း မြင့်လာလို့ နှစ်ဆစျေးတက်ပြီး နှစ်ထောင်ပေးရပါတယ်။ လုပ်အားခက နိုင်လွန်ချည်တစ်ခင်ကို တစ်ထောင်ပဲ ရတယ်လို့ ဒေါ်အေးကြွယ်က ပြောပါတယ်။
''အရင်တုန်းက တစ်ထောင် တစ်ထောင်ကနေမှ တစ်ထောင့်ငါးရာ၊ အခုတော့ နှစ်ထောင်ဖြစ်သွားပြီ။ ချုပ်ခ (ရက်ခ) က တစ်မြတ်မှတစ်ထောင်ရတာ။ ဒီလိုမျိုးတစ်မြတ်လေ တစ်ခင်ပေါ့။ အဲလိုမျိုး ဆောင်းတစ်လုံးချုပ်ရင် ၁၀ ရက်လောက် ကြာတယ်။ ချည်ကလည်း ဆောင်းတစ်လုံးချုပ်ရင် ၁၅ မြတ်(ချည်ခင်)၊ ၁၅ မြတ်ဆိုလည်း ချုပ်ခ (ရက်ခ) တစ်ထောင်ဆိုတော့လည်း ၁၅၀၀၀ ရတယ်။ အဲဒါလည်း တစ်မြတ် တစ်မြတ်ကို မနည်းချုပ် (ရက်) ရတယ် ''
အသက်အရွယ်ကြောင့် ချည်တစ်ထုံးကို မနည်းချုပ်နေရပေမယ့် ဒီဆောင်းပိုက်ရက်လုပ်တဲ့ လုပ်ငန်းဟာ သူ့ခင်ပွန်း ဆုံးသွားပြီးနောက်ပိုင်း သားသမီးရှစ်ယောက် လူလားမြောက်အောင် ကျွေးမွေးစောင့်ရှောက်ဖို့ အဓိကဖြစ်လာတယ်လို့ ဒေါ်အေးကြွယ်ကပြောပါတယ်။
အင်းလေးကန်ထဲ သဘာဝရေမှော်ပင်တွေကြားက ငါးတွေကို ကန်တော့ပုံဆောင်းပိုက်နဲ့အုပ်၊ ရေအောက်ခြေထိ နှစ်မြှုပ်ပြီး အဝကျဉ်းတဲ့ဆောင်းပိုက်ရဲ့ ထိပ်ဖက်ခြမ်းကနေ ဆူးသွားတပ်ဝါးနဲ့ ခြောက်လှန့်ထိုးဖမ်းရတဲ့နည်းက ဘိုးဘွားလက်ထက်ကတည်းက လုပ်လာခဲ့ကြတာပါ။

ဒါပေမဲ့ အခုလူငယ်တွေက သိပ်မသုံးတတ်ကြသလို၊ အသုံးနည်းလာတာကြောင့် အင်းသားရိုးရာဆောင်းပိုက်တွေ တဖြည်းဖြည်း ပျောက်ကွယ်လာပြီလို့ ဒေါ်အေးကြွယ်ရဲ့သား အသက် ၄၀ အရွယ် ကိုကျော်စိုးက ပြောပြပါတယ်။
"အခုဟာက ပိုက်ဆောင်းတွေနဲ့က အဘိုးအဘွားခေတ်တုန်းက (ငါး) ရှာတယ်။ အခုက လူလတ်ပဲသုံးတော့တယ်။ ခလေးတွေ မသုံးတော့ဘူး။ ကလေးငယ် (လူငယ်) တွေက ပိုက်ကြီးနဲ့တန်းပြီးပဲ သုံးတော့တယ်။ ဒီဆောင်းပိုက်နဲ့ မသုံးတတ်တော့ မသုံးကြတော့ဘူးလေ။ ငါးလည်း ငါးဖိန်းတွေက တအားနည်းသွားတော့ ဆောင်းပိုက်နဲ့ ကောင်းကောင်းလည်း ရှာတဲ့လူမရှိတော့ဘူးလေ။ အခုက ဘာဖြစ်တုန်းဆိုတော့ ငါးလည်းရှားပါးတော့ ငါးဖိန်းလည်း ရှားတယ်။ နည်းနည်းပါးပါးရှိတဲ့ ကျောက်ငါး (တီလားပီးယား) တစ်မျိုးပဲရှိတယ်လေ ''
တံငါခြောက်လ ခြံခြောက်လဆိုတဲ့ အင်းသားတို့ရဲ့ ဆိုရိုးအတိုင်း ဒေသအခေါ် ရှီးချင်လို့ခေါ်တဲ့ အင်းခရမ်းချဉ်သီး အပါအဝင် သီးပင်စားပင်စိုက်ပျိုးကြတဲ့ ရေပေါ်ကျွန်း မျောစိုက်ခင်းတွေအတွက် ဓာတုပိုးသတ်ဆေးတွေ ဓာတ်မြေသြဇာတွေသုံးတာ၊ ငါးအလွန်အကျွံဖမ်းတာတွေကြောင့် အင်းလေးမှာ ငါးဖိန်းအပါအဝင် ဒေသငါးတွေ ရှားပါးလာပါတယ်။
"ခလေးတွေ မသုံးတော့ဘူး။ ကလေးငယ် (လူငယ်) တွေက ပိုက်ကြီးနဲ့တန်းပြီးပဲ သုံးတော့တယ်။"
တစ်ဖက်မှာလည်း ရိုးရာဆောင်းပိုက်နဲ့ ငါးဖမ်းနည်းကို လူငယ်တွေ လက်ဆင့်မကမ်းကြတော့လို့ ဒီနည်းဟာ မှေးမှိန်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၁၇ နှစ်အရွယ် ကိုဇော်ဖြိုးအောင်ကတော့ သူ ၁၃ နှစ်အရွယ်ကတည်းက ပိုက်တန်းငါး ဖမ်းခဲ့တာမို့ အခုလို သူကျွမ်းကျင်တဲ့ ပိုက်နဲ့တန်းပြီး ဖမ်းရတဲ့နည်းက ပိုလွယ်ကူပြီး ငါးများများပိုရတယ်လို့ RFA ကို ပြောပါတယ်။
'' ဒီလိုမျိုးပိုက်ကွန်နဲ့ ဖမ်းတာကြတော့ ငါးကပိုမိတာပေါ့၊ ဟိုလိုမျိုးဆောင်းပိုက်နဲ့ ဖမ်းတာကြတော့ တစ်ချက်အုပ်မှ တစ်ကောင် နှစ်ကောင်ပဲရတယ်။ ဒီလိုမျိုး ပိုက်ကွန်နဲ့ကျတော့ တစ်ချီရှာရင် ငါးအများကြီးရတာပေါ့ဗျ။ ပြီးတော့ ဟို (ဆောင်းပိုက်) ကနည်းနည်းကြမ်းတယ်။ ဒီပိုက်ကပိုနုတော့ ဒီပိုက်မှာပဲ ငါးကပိုပြီးတော့ မိတာပေါ့ဗျ။ ကျနော်တော့ ဒီပိုက်ပဲကြိုက်တယ်ဗျ။ ဆောင်းပိုက် သိပ်မကြိုက်ဘူးဗျ''
နိုင်ငံရဲ့စီးပွားရေး ကျဆင်းလာမှု၊ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းနည်းပါးလာမှု၊ ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာမှုနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေနဲ့အတူ ဒေသခံတိုင်းရင်းသား အင်းသူ၊ အင်းသားတွေရဲ့ ရိုးရာ ဆေင်းပိုက်ငါးဖမ်းနည်းကလည်း တစ်စတစ်စ တိမ်မြုပ်ပျောက်ကွယ်လို့ လာနေတာပါ။

ကိုကျော်စိုးကတော့ လက်ရှိဖြစ်နေတဲ့ အခက်အခဲတွေကြားကပဲ မိသားစုရဲ့ ရိုးရာဆောင်းပိုက် လုပ်ငန်းကို မိခင်နဲ့ အတူကူညီရင်း ရိုးရာဆောင်းပိုက်နဲ့ ငါးဖမ်းတဲ့နည်းနဲ့ပဲ မိသားစုဝမ်းရေး ရုန်းကန်နေရတယ်လို့ ပြောပါတယ်။
'' အခုဟာက ရတာနဲ့ကို ရှာစားရမှာဆိုတော့လည်း ဘဝတော့ အရှုံးမပေးဘူးလေ ဒီလိုရှာစားရမှာပဲ၊ မိသားစုနဲ့ ဆိုတော့ မရှာလို့လည်းမရဘူး။ ရှာတော့လည်း သိပ်အဆင်မပြေဘူးဆိုခါကျ မိသားစုတစ်စုလုံး ဒုက္ခရောက်မှာကြောင့် မနက်လည်းရှာ နေ့လည်းရှာ အကုန်ရှာနေရတယ်လေ"
ဒေသရင်းငါးမျိုးစိတ် ၂၀ ကျော်ရှိတဲ့ အင်းလေးကန်မှာ ငါးဖိန်းကို မျိုးသုန်းပျောက်ကွယ်လုနီး စာရင်းဝင် (red list of threatened species) အဖြစ် နိုင်ငံတကာ သဘာဝထိန်းသိမ်းရေးအဖွဲ့ (International Union for the Conservation of Nature - IUCN) က သတ်မှတ်ထားပါတယ်။
အင်းလေးကန်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး သဘာဝရေချိုကန်ဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခံခဲ့ရသလို ၂၀၁၅ ခုနှစ်၊ ဇွန်လ ၉ ရက်မှာတော့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဇီဝရပ်ဝန်းနယ်မြေ (Bioshpere Rတeserve) အဖြစ် ယူနက်စကိုက အတည်ပြုခဲ့ပါတယ်။
သဘာဝအလှအပတွေ၊ သမိုင်းဝင်ရှေးဟောင်း(ဘုရား) ဘာသာရေး အဆောက်အအုံတွေ၊ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့တွေနဲ့ပြည့်နေတဲ့ အင်းလေးကန်ဟာ ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်နိုင်ခဲ့ပြီး တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေရှာပေးတဲ့ နေရာဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်မငြိမ်သက်တာ၊ စီးပွားရေးကျဆင်းပြီး ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာတာကြောင့် ဒေသခံတိုင်းရင်းသားတွေရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအပါအဝင် နေ့စဉ်လူမှုဘဝတွေကိုပါ ထိခိုက်စေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။