ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်နေတဲ့ မြန်မာ့စပါးကျီ


2020.01.10

ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ် စပါးစိုက်ရာသီအတွင်း လယ်တွေရေသွင်းရမယ့် ကာလမှာ မိုးမရတဲ့အတွက် မြန်မာနိုင်ငံ ဒေသအတော်များများမှာ စပါးအထွက်နှုန်းလျော့ကျပြီး တချို့လယ်တွေဆိုရင် လုံးဝ ရိတ်လို့ မရလောက်အောင် ပျက်စီးသွားတာတွေ ရှိခဲ့ပါတယ်။

အဲ့ဒီအထဲမှာ “မြန်မာနိုင်ငံရဲ့ စပါးကျီ” ဆိုပြီး တချိန်က တင်စားခဲ့ကြတဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့လည်း အပါအဝင်ပါပဲ။ စပါးမထွက်လို့ စိတ်ညစ်နေကြတဲ့ လယ်သမားတွေရဲ့ အခြေအနေကို သိနိုင်ဖို့အတွက် လပွတ္တာမြို့နယ်က ကျေးရွာတချို့ကို RFA က သွားရောက်လေ့လာခဲ့ပါတယ်။

RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။

(ဗီဒီယို - သန့်ဇင်ဦး၊ ဇာဏီထွဏ်း)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။