ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအမှု
2018.08.13
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေပုဒ်မ ၇ နဲ့ တရားစွဲဆိုခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအမှုနဲ့ ပတ်သက်ပြီး တရားလိုပြ သက်သေ ၈ ဦးထဲက ၆ ဦးကို ဗိုလ်တထောင်မြို့နယ် တရားရုံးက စစ်ဆေးပြီးဖြစ်ပါတယ်။
ဒီကနေ့အထိ စစ်ဆေးပြီးစီးတဲ့ အမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ကို RFA သတင်းထောက် မဝေမာထွန်း က တွေ့ဆုံမေးမြန်း ထားပါတယ်။