အင်အားကြီးထွားလာနေတဲ့ AA ရက္ခိုင့်တပ်မတော်
2019.02.08
■ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA အကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်က အင်အားအယောက် ၂ဝ ကျော်နဲ့ စတင် တည်ထောင်ခဲ့တဲ့ ရခိုင့်တပ်မတော် AA ဟာ လက်ရှိမှာ လူအင်အား သောင်းဂဏန်းအထိ ရှိလာနေပြီလို့ လေ့လာသူတွေက ပြောပါတယ်။
အချိန်တိုလေးအတွင်းမှာ AA အဖွဲ့ ဘာကြောင့် အခုလောက် အင်အား ကြီးမားလာရပါသလဲ…၊ AA ဌာနချုပ်ရှိရာ လိုင်ဇာဒေသကို သွားရောက်သတင်းယူခဲ့တဲ့ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။