ပြည်နှင်ဒဏ်ပေးခံရသူတွေရဲ့ အိမ်ပြန်ခရီး

2022.11.17

စစ်ကောင်စီက ထောင်ကနေ ပြန်လွှတ်ပြီး ပြည်နှင်ဒဏ်ပေးလိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူကူဘိုတာနဲ့ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးတို့ရဲ့ အိမ်ပြန်ခရီးဖြစ်ပါတယ်။

သူတို့တွေဟာ မြန်မာနိုင်ငံကနေ ချက်ချင်းထွက်ခွာခဲ့ရပြီး မနေ့ညပိုင်းက ထိုင်းနိုင်ငံလေဆိပ်ကို ရောက်ရှိလာတာပါ။ အဲဒီကနေ သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်ကြမှာ ဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့ နိုင်ငံခြားသားတွေ အပါအဝင် အကျဉ်းသား ခြောက်ထောင်နီးပါးကို စစ်ကောင်စီက မနေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲဒီလွတ်လာတဲ့ ခြောက်ထောင်နီးပါးထဲမှာ နိုင်ငံရေး အကျဉ်းသား ၇ဝဝ ကျော်ပဲ ပါပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတကာရဲ့ ဖိအားတွေလျော့ချင်လို့ အခုလို ပြန်လွှတ်ပေးတာသာဖြစ်တယ်လို့ နိုင်ငံရေးသမား အများစုက သုံးသပ်ပါတယ်။

သက်ဆိုင်ရာနိုင်ငံတွေကတော့ သူတို့နိုင်ငံသားတွေပြန်လွတ်လာတာကို ကြိုဆိုသလို နောက်ထပ်ဖမ်းဆီးခံ နိုင်ငံရေးသမားတွေ အားလုံးကိုလည်းလွှတ်ဖို့၊ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေရပ်ဖို့ တောင်းဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။