တရုတ်ထောင်မှာကျနေတဲ့ မြန်မာတွေ အကူအညီလိုအပ်
ကံသာ
2020.05.15
2020.05.15
တရုတ်နိုင်ငံထဲမှာ တရားမဝင် အလုပ်သွားလုပ်ရင်း အကျဉ်းကျခံနေရတဲ့ မြန်မာနိုင်ငံသားတွေ ထောင်နဲ့ချီရှိနေပြီး တချို့တွေဟာ အကျဉ်းထောင်တွေမှာ ရိုက်နှက်ခံရတာတွေရှိတယ်လို့ တရုတ်အကျဉ်းထောင်တွေကနေ ပြန်လွတ်လာသူတွေက ပြောပါတယ်။
တရုတ်မှာရှိတဲ့ မြန်မာသံရုံးကို ဆက်သွယ်အကူအညီတောင်းတာလည်း အဆင်မပြေတဲ့အတွက် အကျဉ်းထောင်တွေမှာကျန်နေတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လွတ်ရေးကို အစိုးရက ကူညီပေးစေချင်တယ်လို့ တရုတ်ထောင်တွေမှာ အကျဉ်းကျခံရပြီး ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသားတွေကပြောပါတယ်။
RFA သတင်းထောက် ကိုကံသာ က သတင်းပေးပို့ထားပါတယ်။