ဝါရှင်တန်ဒီစီမှာ မြန်မာတိုင်းရင်းသားထောင်ချီဆန္ဒပြ
2021.04.10
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာ မြန်မာပြည်ဖွား တိုင်းရင်းသား ပေါင်းစုံ စုဝေးပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံတဝန်းက မြန်မာတွေ ဝါရှင်တန်ဒီစီမှာ လာရောက်စုဝေးကြပြီး တရုတ်သံရုံးရှေ့၊ မြန်မာ စစ်သံရုံးရှေ့တို့ကတဆင့် မြို့တော်က လူစည်ကားရာ လမ်းမတွေကနေ အမေရိကန် လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်ထိ ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့တာပါ။
ဒီကနေ့ ဆန္ဒပြပွဲကို တိုင်းရင်းသားပေါင်းစုံ လူဦးရေ တစ်ထောင်ကျော် ပါဝင်ခဲ့တယ်လို့ စီစဉ်သူတွေကပြောပါတယ်။
မြန်မာနိုင်ငံတွင်းက တိုင်းရင်းသား လက်နက်ကိုင်တွေ စုပေါင်းပြီး ဖက်ဒရယ်တပ်မတော်တစ်ရပ် အမြန်ဆုံးထူထောင်ဖို့၊ အာဏာသိမ်းစစ်ကောင်စီကို တိုင်းရင်းသားတွေ အားလုံး စုပေါင်းတော်လှန်ကြဖို့ အဓိကထား တောင်းဆိုခဲ့ကြပါတယ်။
------------------