အမေရိကရောက် မြန်မာတွေ ဝါရှင်တန်ဒီစီမြို့ပတ်ဆန္ဒပြ

2021.02.14
အာဏာသိမ်းစစ်ကောင်စီကို ကန့်ကွက်ရှုတ်ချကြောင်း အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေ ဖေဖော်ဝါရီလ ၁၄ ရက် ဒီကနေ့ ဝါရှင်တန်ဒီစီမြို့တော်မှာ စုဝေးပြီး မြို့ပတ်လှည့်လည် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
လူအင်အား ၅၀၀ နီးပါး လူအုပ်ကြီးဟာ ကြွေးကြော်သံတွေ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီးတော့ မြန်မာသံရုံး၊ မြန်မာစစ်သံရုံးတွေကနေ အမေရိကန်သမ္မတအိမ်ဖြူတော်ရှေ့ရှိ ဝါရှင်တန် အထိမ်းအမှတ်ကျောက်တိုင် အထိ ချီတက်ဆန္ဒပြခဲ့ကြတာပါ။
နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီအထိ ခွင့်ပြုချက်တင်ဆန္ဒပြခဲ့ကြတာဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူတွေ အားလုံးကိုပြန်လွှတ်ပေးဖို့နဲ့ ကုလသမဂ္ဂနဲ့ အမေရိကန်စစ်တပ်တွေ မြန်မာပြည်ကို အမြန်ဆုံးစေလွှတ်ပေးဖို့ အဓိကထား တောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။