သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-29
တိုင်းရင်းသား လက်နှက်ကိုင်အဖွဲ့တွေနဲ့ တနိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်လက်မှတ်ရေးထိုးဖို့ အလားအလာဟာ အတော်နီးစပ်နေပြီလို့ မြန်မာ့ငြိမ်ချမ်းရေးစင်တာက တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးညိုအုန်းမြင့် က ပြောပါတယ်။
2013-12-27
မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်မှာ အန္တရာယ်ကြုံနေတဲ့ မြန်မာ ၉၈ ယောက်ရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို အဲဒီအလုပ်သမားတွေထဲက ကိုသိန်းလှိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2013-12-26
လွှတ်တော်ကိုယ်စားလှယ်တွေ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် မြို့နယ်တစ်မြို့နယ်ကို ပြည်ထောင်စုလွှတ်တော်က ငွေကျပ်သိန်းတစ်ထောင်စီ ချပေးထားပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာဆိုရင် အဲဒီဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ငွေတွေကို စီမံခန့်ခွဲနိုင်ဖို့အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးတွဲလုပ်ကိုင်သွားမယ်လို့ သိရပါတယ်။
2013-12-21
၈၈ မျုးိဆက်ငြိမ်းချမ်းေရေးနဲ့ ပွင့်လင်းအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီးက ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လုံလောက်တဲ့ထောက်ခံမှုရရှိအောင် ယုံကြည်မှုတည်ဆောက်ဖို့လိုတယ်လို့ RFA ကို ဒီဇင်္ဘာ ၂၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ဦးကိုကိုကြီးနဲ့ RFA အဖွဲ့သားဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
2013-12-20
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ပါတီပြန်လည်တည်ထောင်ခွင့်အတွက် အဖွဲ့ဝင် ၂၁ ဦးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ လျှောက်ထားလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအောင်မိုးဇော်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2013-12-14
ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ဒီကနေ့ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ-ထိုင်း ဘောလုံးပွဲစဉ်အပါအဝင် လက်ရှိကျင်းပနေဆဲ အရှေ့တောင်အာရှ အားကစားပွဲတော်မှာ မြန်မာနိုင်ငံကိုယ်စားပြု ဘောလုံးအသင်း အနိုင်ရရှိရေး အလားအလာတွေနဲ့ ပတ်သက်လို့ အားကစားဂျာနယ် အယ်ဒီတာ ဦးဇော်သက်ထွေးကို RFA အဖွဲ့သားကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
2013-12-13
အရှေ့အလယ်ပိုင်း ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံ တက်ရောက်ပြီး မြန်မာနိုင်ငံကို ဒီကနေ့ ပြန်လည်ရောက်ရှိလာတဲ့ သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရကို မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်လျှောက်ထား တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2013-12-05
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွတ်တော်နာယက သူရဦးရွှေမန်းတို့နဲ့တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက် အပါအဝင် မြန်မာ့နိုင်ငံရေး နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ စင်ကာပူနိုင်ငံအခြေစိုက် ISAS အရှေ့တောင်အာရှ လေ့လာရေးသိပ္ပံက မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာ တင်မောင်မောင်သန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2013-12-01
မြန်မာနိုင်ငံရဲ့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး သြစတြေးလျနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေက နိုင်ငံလုံးအနှံ့ လက်မှတ်ရေးထိုးလှုပ်ရှားမှုတစ်ရပ်ကို ဒီဇင်ဘာ ၁ ရက်နေ့က စတင်လိုက်ပါတယ်။ ဒီလှုပ်ရှားမှုကို မြန်မာနိုင်ငံသားတွေသာမက သြစတေးလျ အစိုးရနဲ့ သြစတေးလျပြည်သူတွေပါ ပါဝင်အောင်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမြင့်ချိုက ပြောပါတယ်။