သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-31
ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်တောင်း ဆိုနေတဲ့ ကျောင်းသားတွေကို ဘယ်အဖွဲ့ကမှ သွေး ထိုးမြှောက်ပင့်နေတာမဟုတ်ပဲ ကျောင်းသားအသိ နဲ့ ကျောင်းသားအခွင့်ကို တင်ပြနေတာသာဖြစ်တယ် လို့ ဗကသများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုက ပြော ပါတယ်။
2015-01-31
မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ မတန်တဆမြင့်မားနေတဲ့ အိမ်ခြံမြေဈေးနှုန်းတွေဟာ ထူးထူးခြားခြားဆိုသလို အခုနှစ်ဆန်းပိုင်းမှာ ကျဆင်းလာပါတယ်။
2015-01-30
အစိုးရက ပြဌာန်းထားတဲ့ ပညာရေးဥပဒေ ပြုပြင်ရေး အတွက် ကျောင်းသားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပညာရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဒေါ်ရင်ရင်နွယ် ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2015-01-30
မန္တလေးမြို့ကနေ ဒီလ ၂ဝ ရက်နေ့က စတင်ထွက် ခွါလာတဲ့ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒပြတဲ့ ကျောင်းသားသပိတ်ဟာ ဒီနေ့ ကျောက် ပန်းတောင်းမြို့မှာ ရပ်နားနေပြီး ဧရာဝတီတိုင်းက ဆန္ဒပြကျောင်းသားတွေနဲ့ မနက်ဖြန်ပူးပေါင်းမှာဖြစ် ပါတယ်။
2015-01-30
မြန်မာနိုင်ငံမှာ အမျိူးသားပညာရေးဥပဒေ ပြဿနာအပြင် လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတချိူ့ဟာ အစိုးရဘက်က ပွင့်လင်းမြင်သာမှု မရှိတာကြောင့်လို့ ၈၈ မျိူးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးက ပြောပါတယ်၊
2015-01-29
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပါဝင်မယ့် နိုင်ငံရေးအကြိုဆွေးနွေးပွဲကို ဖေဖော်ဝါရီ လအတွင်းမှာ ၃ ရက်ကြာ ကျင်းပဖို့ပြင်ဆင်နေ ပါတယ်။
2015-01-29
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် မှာ ဆွေးနွေးနေတဲ့ မျိုးစောင့်ဥပဒေကြမ်း ၄ ခုကို မပြဌာန်းဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂ဝဝ နီးပါးက ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2015-01-29
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေတဲ့ ကျောင်းသူ ကျောင်းသားတွေကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ ဝန်ကြီးတချို့က ဒီနေ့ နေပြည်တော်မှာ လက်ခံတွေဆုံပြီး လာမယ့် ဆွေးနွေးပွဲတွေအတွက် နှစ်ဖက်သဘောတူညီမှုတွေ ရခဲ့ပါတယ်။
2015-01-29
အစိုးရနဲ့ သပိတ်မှောက်ကျောင်းသားတွေ တေ့ွဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် မဖြိုးဖြိုးအောင်ကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2015-01-29
ကျောင်းသားသပိတ်နဲ့ ပတ်သက်လို့ ရှမ်းနဲ့ ရခိုင် တိုင်းရင်းသားပါတီခေါင်းဆောင်တွေရဲ့သဘော ထားတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2015-01-29
အမျိုးသားပညာရေး ဥပဒေပြင်ပေးဖို့ သပိတ်မှောက်ချီတက်နေတဲ့ ကျောင်းသားစစ်ကြောင်းဟာ မနေ့ညက ပုပ္ပါးမြို့ကိုရောက်ရှိပြီး ညအိပ်ရပ်နားခဲ့ပါတယ်။ ဒီမနက်မှာတော့ ရန်ကုန်ထိဆက်လက် ချီတက်မလား၊ ခေတ္တရပ်နားမလားဆိုတာ အစည်းအဝေးထိုင်မယ်လို့ သိရပါတယ်။ သူတို့ရဲ့နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2015-01-27
အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ပြင်ဆင် သင့်တာတွေ ကို ပြန်လည်သုံးသပ်ဖို့ နိုင်ငံတော် သမ္မတက လွှတ်တော်ကို သဝဏ်လွှာပေးပို့ ထားပြီးဖြစ်သလို လွှတ်တော်ကလည်း သဘော တူထားပြီးတဲ့အတွက် အခုအချိန်ဟာ ကျောင်း သားတွေအနေနဲ့ မိမိတို့ရဲ့ လိုလားချက်တွေကို ဆန္ဒပြသပိတ်မှောက်ပြီးလုပ်ဆောင်ရမယ့် အချိန် မဟုတ်ဘဲ ဆွေးနွေးရမယ့် အချိန်ဖြစ်ကြောင်း ၊ ကျောင်းသားထုကို အမှန်တကယ်ကိုယ်စားပြု တဲ့ ခေါင်းဆောင်တွေကို ရွေးချယ်ပြီး အစိုးရ နဲ့ ဆွေးနွေးဖို့လိုကြောင်း၊ သမ္မတရဲ့ ပြောခွင့် ရသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြား လိုက်ပါတယ်။
2015-01-27
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့အဝင်က နန်းမြင့်ရွာအနီးမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက ဒီနေ့ တားဆီးခဲ့ပါတယ်။ အဲ့ဒီဆန္ဒပြကျောင်းသား ကျောင်း သူတွေနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ၁ နာရီကျော်ကြာ ညှိနှိုင်းဆွေးနွေးပြီးနောက် ပိတ်ဆို့ ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို မြို့ထဲ ဝင်ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
2015-01-27
ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး ၁ မှာ တပ်မတော် အင်ဂျင်နီယာတပ်ရင်းက သိမ်းထားတဲ့ မြေဧက ၁ဝဝ ကျော်မှာ တပ်မတော်သား ၄ဝဝ လောက်က ခြံစည်းရိုးဝင်ခတ်ရာ ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။
2015-01-26
လာမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပေးမယ်လို့ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ဒီနေ့ တောင်ကြီးမြို့ မြို့တော်ခန်းမမှာ ဒေသခံ နိုင် ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ်မှာ ကတိပေးပြောကြား လိုက်ပါတယ်။