ဖေဖော်ဝါရီလအတွင်းမှာ ကျင်းပမဲ့ နိုင်ငံရေးအကြိုဆွေးနွေးပွဲအကြောင်း မေးမြန်းချက်
2015.01.29
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပါဝင်မယ့် နိုင်ငံရေးအကြိုဆွေးနွေးပွဲကို ဖေဖော်ဝါရီလအတွင်းမှာ ၃ ရက်ကြာ ကျင်းပဖို့ပြင်ဆင်နေပါတယ်။
ဆွေးနွေးပွဲဖြစ်မြောက်ဖို့ စီစဉ်နေတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA က အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။