သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-05
မကြာခင်ကျင်းပမယ့် ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာတဲ့ မဲဆန္ဒနယ်အားလုံးမှာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
2018-01-04
ဒီရက်ပိုင်းအတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ KIA ၊ TNLA အဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်နေသလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း KIA နဲ့ TNLA အဖွဲ့တို့ဟာ ငြိမ်းချမ်းရေးကိုလစ်လျူရှုပြီး အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ်ကို ရေရှည် လုပ်ဆောင်ဖို့ ကြိုးစားနေတယ်လို့ ထုတ်ပြန်ထား ပါတယ်။
2018-01-04
ပြည်သူ့လွှတ်တော် သစ်တော၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီနဲ့ ဥပဒေကြမ်း ကော်မတီက မကြာခင် ပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ၂၀၁၇ ခုနှစ် ကျောက်မျက်ရတနာ ဥပဒေကို ပြင်ဆင်ဖြည့်စွက်ပြဌာန်းနိုင်ဖို့ ဖားကန့်မြို့မှာ ကျောက်စိမ်းလောကသားတွေ၊ ဥပဒေရေးရာ နယ်ပယ်က တချို့အပါအဝင် အပါအဝင် ဒေသခံပြည်သူတွေရဲ့ အသံတွေကို ဒီကနေ့ ကြားနာခဲ့ပါတယ်။
2018-01-03
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က သက်ကယ်ပြင် မွတ်စလင်ဒုက္ခသည်စခန်းကို ပိတ်သိမ်းပြီး သင့်တော်တဲ့နေရာမှာ ပြန်လည်နေရာချထားပေးဖို့ အစိုးရက စီစဉ်နေတာနဲ့ ပတ်သက်လို့ သက်ကယ်ပြင် ဒုက္ခသည်စခန်းရဲ့ ခေါင်းဆောင် MV အဗ္ဗဒူလာမာချက် (ခေါ်) ဦးရွှေမောင် ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်း ထားပါတယ်။
2018-01-03
ဒီကနေ့ ပြုလုပ်တဲ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးက ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် ရာထူးကနေ နုတ်ထွက်ပေးဖို့ မဲခွဲ ဆုံးဖြတ်လိုက်နဲ့ပတ်သက်လို့ လွှတ်တော် တွင်း နိုင်ငံရေးအရ လွန်ဆွဲမှုမဖြစ်နိုင်ဘူးလို့ ဦးမင်းအောင်အမှုကိစ္စ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ပါဝင်သူ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောပါတယ်။
2018-01-03
သက်တမ်း ၂ နှစ်ခန့်ရှိလာပြီဖြစ်တဲ့ NLD အစိုးရရဲ့ နိုင်ငံရေး စီးပွားရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ NLD ပါတီက ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2018-01-03
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ မွတ်စလင်ဒုက္ခသည် ၈ သိန်းခွဲ ရှိနေပြီး ပထမအသုတ်အဖြစ် ပြန်ပို့မယ့် မွတ်စလင်ဒုက္ခသည် တစ်သိန်းရှိကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2018-01-01
အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ်က ကျောက်မျက်ထွက်ရာ ရတနာမြေ ဆိုင်းလျန်ဒေသဘက်မှာ ဒီနေ့ မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
2018-01-01
သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့အစိုးရသက်တမ်းအတွင်း ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ်နှစ်လယ်ပိုင်းမှာ ထပ်မံကျင်းပဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်နေပါတယ်။