အစိုးရတပ်မတော်နဲ့ SSPP/SSA တို့ တိုက်ပွဲဖြစ်တဲ့အကြောင်း မေးမြန်းချက်


2018.01.01

အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ်က ကျောက်မျက်ထွက်ရာ ရတနာမြေ ဆိုင်းလျန်ဒေသဘက်မှာ ဒီနေ့ မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

နိုင်ငံတော်အကြီးအကဲတွေနဲ့ တပ်မတော်ခေါင်းဆောင်တွေက နှစ်သစ်ကူးဆုမွန်ကောင်း သဝဏ်လွှာတွေမှာ ငြိမ်းချမ်းရေးကို ဖြစ်စေချင်တယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားမယ်လို့ ပြောနေကြပေမယ့် လက်တွေ့မြေပြင်မှာ တိုက်ပွဲတွေဖြစ်နေတာဟာ မဖြစ်သင့်ကြောင်း မိုင်းရှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ပြောပါတယ်။

မိုင်းရှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။