သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-06-02
ရခိုင်ပြည်နယ်အတွင်း အာဆာအကြမ်းဖက်အဖွဲ့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့ နိုင်ငံတကာက ဥပဒေပညာရှင်တွေပါဝင်တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခု ဖွဲ့စည်းသွားမယ်ဆိုတဲ့ နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2018-06-02
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်း နာမည်ကြီးနေတဲ့ ဇီးအုပ်ကျေးရွာအတွင်းက မူးယစ်ဆေးဝါး ရောင်းချနေတဲ့ နေအိမ်အလုံး ၂ဝ ကျော်ကို ရဲတပ်ဖွဲ့က အင်အားသုံးပြီး ဒီနေ့မနက်က ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာမှာ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေအပြင် အမှုနဲ့ဆက်စပ်သူ ၆ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
2018-06-02
တောင်ကိုရီးယားနိုင်ငံကိုရောက်နေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နဲ့ အဖွဲ့ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေနဲ့ပတ်သက်ပြီး နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်လို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းပြန်ကြားရေးတာဝန်ခံ ဦးဟန်ညွန့် က ပြောပါတယ်။
2018-06-02
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်အပါအဝင် နယ်စပ် ဝင်ထွက်ပေါက်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး မြန်မာဘက်ကနေ တရုတ်နိုင်ငံကို ဝင်ရောက်တဲ့သူတွေကို စစ်ဆေးမှုတွေ တင်းကြပ်လာတယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။
2018-06-01
မန္တလေးတိုင်း ပလိပ်မြို့က ပန်ဒါအထည်အလိပ် စက်ရုံမှာ အလုပ်သမားတွေ သပိတ်မှောက်လို့ အလုပ်ရှင်နဲ့ နှစ်ဖက်ပြေလည်သွားတာ ကြာပြီဖြစ်ပေမယ့်၊ အလုပ်သမားခေါင်းဆောင် မဇာခြည်ဝင်းနဲ့ ဦးချမ်းမိုးအောင်တို့ နှစ်ယောက်ကို အလုပ်ပြန်မခန့်ဘူးလို့ သိရပါတယ်။
2018-06-01
ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ စစ်ပွဲတွေရပ်တန့်ဖို့ ဆန္ဒပြခဲ့သူတွေကို တရားစွဲထားတာ အမြန်ဆုံး ဖျက်သိမ်းပေးဖို့ဆိုပြီး ဆန္ဒပြတောင်းဆိုသူတွေထဲက ၈ ဦးကို ဒီကနေ့ ပြည်မြို့ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက် ပါတယ်။
2018-06-01
ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းငယ်ရဲ့အရှိန်နဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၈ မြို့နယ်မှာ နေအိမ်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့သလို မာန်အောင်မြို့နယ်မှာ လူ ၃ ယောက် သေဆုံးခဲ့ပါတယ်။