0:00 / 0:00
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်း နာမည်ကြီးနေတဲ့ ဇီးအုပ်ကျေးရွာအတွင်းက မူးယစ်ဆေးဝါး ရောင်းချနေတဲ့ နေအိမ်အလုံး ၂ဝ ကျော်ကို ရဲတပ်ဖွဲ့က အင်အားသုံးပြီး ဒီနေ့မနက်က ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာမှာ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေအပြင် အမှုနဲ့ဆက်စပ်သူ ၆ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဒီနေ့မနက် ဝင်ရောက်ရှာဖွေစစ်ဆေးမှု အခြေအနေကို မန္တလေးခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မျိုးအောင် ကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။