သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-14
အာဏာသိမ်းစစ်ကောင်စီက လက်ရှိနွေဦးတော်လှန်ရေးအင်အားစုတွေအတွင်း ပဋိပက္ခတွေကို ပိုမိုကြီးမားလာရေးအတွက် ဆိုက်ဘာအဖွဲ့တစ်ခုဖွဲ့စည်းပြီး လူမှုကွန်ရက်စာမျက်နှာတွေကနေ ရေးသားဖော်ပြနေ တယ်လို့ ပြည်သူနဲ့ ပူးပေါင်းလာတဲ့ CDM တပ်မတော်သားတွေက ပြောပါတယ်။
2023-10-11
ကျွန်တော်တို့အိမ်ရှိတဲ့ရွာကို ခဏပြန်ပြီး ရွာမှာကျန်ခဲ့တဲ့ စိုက်ခင်းတွေပြန်ကြည့် ပြန်ရှင်းလင်း စားဝတ်နေရေးအတွက် ငွေရှာထွက်တုန်း လွတ်သွားတုန်းမှာ ဒီလိုအဖြစ်ဆိုးကြုံရတာပါပဲ။ ကျွန်တော်ပြန်လာတော့ မိသားစုရဲ့ အလောင်းပဲတွေ့တော့တယ်။
2023-10-11
လိုင်ဇာ မုန်လိုင်ခက်ရွာ စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရပြီး လူအမြောက်အမြား သေဆုံးဒဏ်ရာရခဲ့တာဟာ အပြစ်မဲ့ အရပ်သား ပြည်သူတွေအပေါ် မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှု နောက်တစ်ခုသာ ဖြစ်နိုင်တယ်လို့ မစ္စတာ တွမ်အင်ဒရူးက ပြောလိုက်ပါတယ်။
2023-10-10
မြန်မာစစ်တပ်အောက်မှာနေရမှာထက် အစ္စရေးစစ်ပွဲကြားနေရတာက ပိုလုံခြုံတယ်လို့ အစ္စရေးနိုင်ငံမှာနေနေတာ ငါးနှစ်ကျော်ကြာပြီဖြစ်တဲ့ မြန်မာနိုင်ငံသား ကိုဂျက်ကော့ဘင်ဂျမင်က ပြောပါတယ်။
2023-10-03
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW အပါအဝင် အရပ်ဘက်လူ့အဖွဲ့အစည်းတွေက ကန့်ကွက်ကြပါတယ်။
2023-09-29
ပအိုဝ်းပြည်နယ်ကို ဖက်ဒရယ်မူတွေနဲ့အညီ တည်ထောင်နိုင်ရေးအတွက် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC က စက်တင်ဘာ ၂၄ ရက်နေ့က အစည်းအဝေး ကျင်းပခဲ့ပါတယ်။
2023-09-21
၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန်တွင်းမှာပဲ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အဖွဲ့ဝင် ဝန်ကြီးတွေလည်း အမေရိကန်နိုင်ငံ နယူးယောက်မြို့ကို ရောက်နေပါတယ်။
2023-09-19
အနိမ့်ဆုံးလုပ်ခတိုးမြှင့်မယ့်ကိစ္စမှာ ထိုင်းနိုင်ငံရောက် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယမ်နမ်နိုင်ငံသား ရွှေ့ပြောင်းလုပ်သားတွေ မပါဝင်သေးပါဘူး။
2023-09-16
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေး မစ္စတာ ရှောင်တာနဲလ်ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နေပြည်တော်နဲ့ အင်းစိန်အကျဉ်းထောင်တွေမှာ ရက်ပေါင်း ၆၅၀ ချုပ်နှောင်ခံထားရစဉ်က အတွေ့အကြုံတွေကို " An unlikely prisoner "ဆိုတဲ့ စာအုပ်တစ်အုပ် ရေးသား ထုတ်ဝေလိုက်ပါတယ်။
2023-09-15
ထိုင်းမြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီရဲ့ ရေတလျောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၁၈) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ရရှိပြီး သေနတ် ၁ဝ လက်ကျော်အပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
2023-09-13
မြန်မာပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသူတွေကို အားပေးကူညီဖို့ ယူကရိန်းလွှတ်တော်ထဲမှာ အငယ်ဆုံးအမတ်ဖြစ်တဲ့ မစ္စတာ ဗာတိုစလဗ်ရာရှခ် က နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။
2023-09-12
NUG သမ္မတ ဒူဝါလရှီလနဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့က ဗိုလ်နဂါးနဲ့ အွန်လိုင်းဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး NUG သမ္မတရုံးက ဒီနေ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
2023-09-08
MMB Tower မှာ ငွေလိမ်ဂိုဏ်းတွေရှိနေကြောင်း RFA က ထုတ်လွှင့်ပြီးနောက် စက်တင်ဘာ ၈ ရက်နေ့မှာ အားလုံးကိုပြန်ခိုင်းပြီး ပစ္စည်းတွေ သိမ်းသွားကြပြီလို့ အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။
2023-09-08
စစ်တပ်က အရေးယူထုတ်ပယ်ထားသူတွေနဲ့ အငြိမ်းစားယူထားသူတွေကို ငွေကြေးအပါအဝင် အခွင့်အရေးတွေနဲ့ မက်လုံးပေးပြီး တာဝန်ပြန်လည်ထမ်းဆောင်ဖို့ စစ်ကောင်စီက စည်းရုံးနေကြောင်း CDM ဗိုလ်ကြီး ထက်မြတ်က ပြောကြားပါတယ်။
2023-09-05
အာဆီယံအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ဘုံသဘောတူညီချက်တွေကို ဆက်လက်ကိုင်စွဲထားမယ်ဆိုရင် အရေးယူဆောင်ရွက်မှုတွေလည်း တစ်ပြိုင်တည်းလုပ်ဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောလိုက်ပါတယ်။